လမ်းခွဲပြီးနောက် ယောက်ျားနဲ့ မိန်းမ ဘယ်သူပိုပျော်ရွှင်သလဲ

divorcesweats.jpg
 
မကြာမီက ပြုလုပ်ခဲ့တဲ့ စစ်တမ်းတစ်ခုအရ လမ်းခွဲရခြင်းဟာ ယောက်ျားတွေရဲ့ အပြစ်ကြောင့်လို့ မိန်းမ ၆၄%က ပြောခဲ့ပြီး မိန်းမတွေရဲ့ အပြစ်ကြောင့်လို့ ယောက်ျား ၄၄%ကပဲပြောခဲ့တာ တွေ့ရပါတယ်။ ဝါရှင်တန်တက္ကသိုလ်က လူမှုဗေဒ ပါမောက္ခဖြစ်သူ Pepper Schwartz ကမိန်းမတွေက ကိုယ့်ကိုယ်ကိုယ် အပြစ်တင်တာက ကိုယ့်လုပ်ပိုင်ခွင့်ကို နိမ့်ကျအောင် လုပ်တာလို့ ယူဆကြပြီး ယောက်ျားတွေက မိန်းမတွေရဲ့ အပြစ်လို့ လက်ညှိုးထိုးတာက ယောက်ျားမပီသဘူးလို့ ယုံကြည်ထားကြလို့ ဖြစ်ပါတယ်။
 
မိန်းမတွေက လမ်းခွဲပြီးနောက်မှာ ယောက်ျားတွေထက်ပိုပြီး ပျော်ရွှင်လိုကြတာကို စစ်တမ်းအရတွေ့ရှိရပါတယ်။ ၇၃%သော မိန်းမတွေက လမ်းခွဲရတဲ့အတွက် နောင်တမရဘူးလို့ ပြောတဲ့အချိန်မှာ ယောက်ျား ၆၁%ကပဲ နောင်တမရဘူးလို့ ပြောတာတွေ့ရပါတယ်။ အမျိုးသမီး ၇၅%ကအဆင်မပြေတဲ့ အချစ်ရေးမှာ စိတ်ဆင်းရဲခံရတာထက် တစ်ယောက်တည်း အောင်အောင်မြင်မြင်နဲ့ ပျော်ပျော်ရွှင်ရွှင်နေလိုပါတယ်လို့ ဆိုပေမဲ့ ယောက်ျား ၅၈%ကသာ ဒီလိုဆန္ဒလို့ ပြောပြခဲ့ပါတယ်။
 
ယေဘုယျအားဖြင့် ယောက်ျားတွေက အိမ်ထောင်ပြုပြီးတာနဲ့ အဆင်မပြေရင်တောင် လမ်းခွဲလိုစိတ်သိပ်မရှိကြဘဲ တစ်ယောက်တည်းနေရမှာကို ပိုပြီးကြောက်တတ်တယ်လို့ ဆိုပါတယ်။မိန်းမတွေက အိမ်ထောင်ရေးမှာ ပျော်ရွှင်မှု မရနိုင်ဘူးဆိုတာ သေချာတာနဲ့ လွတ်လပ်သွားဖို့ကို ကြောက်ရွံ့လေ့မရှိပါဘူး။
 
ယောက်ျားတွေက အိမ်ထောင်ရေးအဆင်မပြေပေမဲ့ လမ်းမခွဲချင်တဲ့ အကြောင်းရင်းတွေ ရှိတယ်လို့ ထင်ပါတယ်။ယောက်ျားတွေအတွက် တစ်နေရာမှာ အဆင်မပြေပေမဲ့ နောက်တစ်နေရာမှာ ကိုယ့်စိတ်ကို ပျော်အောင်နေတတ်ပြီး မိန်းမတွေကတော့ ပြတ်ပြတ်သားသားဖြစ်မှ စိတ်ဖြေသိမ့်စရာ ရှာလိုတဲ့စိတ် ရှိတာကြောင့် ဖြစ်နိုင်ပါတယ်။
 
Ref:womenshealthmag
 
7 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.