ဂျက်စတင်ဘီဘာ နဲ့ ရီတာအော်ရာတို့ တွဲနေကြတာလား

justin-bieber-rita-ora-spl-8-lead1.jpg
လတ်တစ်လောမှာ အချစ်ရေး သတင်းတွေ အမျိုးမျိုး ထွက်ပေါ်နေတဲ့ ဂျက်စတင်ဘီဘာ ဟာ ပေါ့ပ်အဆိုတော်မလေး ရီတာအော်ရာ နဲ့ တွဲခုတ်နေတာ ဖြစ်နိုင်တယ်ဆိုတဲ့ ကောလာဟလတွေ ထပ်မံ ထွက်ပေါ်လာပါတယ်။  သူတို့ နှစ် ဦးဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညကတုန်းက လော့အိန်ဂျလိစ်မြို့မှာရှိတဲ့ Warwick ဆိုတဲ့ ဘားတစ်ခုကနေ အတူထွက် လာတာကို တွေ့ခဲ့ရတာပဲ ဖြစ်ပါတယ်။
 
ဂျက်စတင်ဘီဘာကတော့ သူ့မျက်နှာကို ခေါင်းစွပ်အနွေးထည် နဲ့ ဖုံးအုပ်ထားပြီး ရီတာအော်ရာကတော့ ဦးထုပ် ငိုက်စိုက် ဆောင်းထားတာကိုလည်း တွေ့ခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ အနက်ရောင် ကားတစ်စီးနဲ့ အတူတူ ပြန်သွားကြတယ်လို့လည်း သိထားရပါတယ်။
 
ထွက်ပေါ်နေတဲ့ ကောလာဟလတွေအရတော့ သူတို့ နှစ်ဦးဟာ ကဗျာဆန်တဲ့ ရင်းနှီးသိကျွမ်းမှု အဆင့်တွေ ရှိခဲ့ပြီးပြီလို့လည်း ပြောဆိုနေကြပါတယ်။
 
Ref:elitedaily
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.