အမေရိကန် သမ္မတ အဖြစ် ရွေးကောက်ခံဖို့ စဉ်းစားထားတဲ့ Dwayne “The Rock” Johnson

rtx1eotp.jpg
နပမ်းသမားတစ်ယောက် ဘ၀ကနေ ကမ္ဘာကျော် သရုပ်ဆောင်တစ်ယောက် ဖြစ်လာခဲ့တဲ့ Dwayne “The Rock” Johnson ဟာ အမေရိကန်ပြည်ထောင်စုမှာတော့ ရေပန်းအစားဆုံးလူတစ်ယောက်လို့လည်း သတ်မှတ်နိုင်ပါတယ်။
 
သူ့ရဲ့  လူသားဆန်မှုတွေ ၊ အလုပ်ကြိုးစားမှုတွေ ၊ အကောင်းမြင်မှုတွေဟာ လူသန်းပေါင်းများစွာရဲ့  ဥာဏ်ကွန့်မြူးမှုကို ဖြစ်ပေါ်စေနိုင်တဲ့ အရင်းအမြင်တွေလည်း ဖြစ်လာပါတယ်။ သူဟာ ကမ္ဘာတစ်ဝှမ်းလုံးက လူတွေ အားကစားခန်းမ(Gym) မှာ ကျန်းမာရေးလုပ်ဖို့အတွက် စိတ်အားတက်ကြွစေသူဆိုလည်း မမှားပါဘူး။
 
အဲဒီလို လူတွေအပေါ် လွှမ်းမိုးနိုင်စွမ်းရှိတဲ့ မင်းသားတစ်ဦးက သူ့ရဲ့  အနာဂါတ်မှာပါဝင်လာမယ့် နိုင်ငံရေး လှုပ်ရှားမှုတွေအကြောင်းကို ဖွင့်ဟ ပြောပြလာပါတယ်။ အဲဒါကတော့ သူဟာ ပြည်နယ်ဝန်ကြီးချုပ် အတွက်လည်း ရွေးကောက်ခံဖို့တွေးထားသလို ၊ သမ္မတ ရာထူးအတွက်လည်း ရွေးကောက်ခံဖိုး စဉ်းစားထားတယ်ဆိုတာပါပဲ။ “ကျွန်တော်အရိုးသားဆုံးပဲ ပြောချင်ပါတယ်။ ကျွန်တော်လည်း နိုင်ငံရေးနဲ့ မကင်းနိုင်ပါဘူး။ လောလောဆယ်တော့ အတိအကျ မဆုံးဖြတ်ရသေးပါဘူး။ ကျွန်တော့်အနေနဲ့ ၀န်ကြီးချုပ်ရာထူးအတွက် ရွေးကောက်ခံဖို့ ၊ သမ္မတ ရာထူးအတွက် ရွေးကောက်ခံဖို့ အတွေးတွေရှိခဲ့တာကို မငြင်းလိုပါဘူး။ နောက်ဆက်တွဲရလဒ်အနေနဲ့ကတော့ တစ်ကမ္ဘာလုံးအတိုင်းအတာနဲ့ လူတွေရဲ့  ဘ၀တွေကို စစ်မှန်တဲ့ သက်ရောက်မှုတစ်ခုပြုလုပ်ပေးနိုင်မယ့် အခွင့်အရေးမျိုး ကျွန်တော်ရလာမှာပါ။ ဒါပေမယ့် အရင်ဆုံး ကျွန်တော် လုပ်ချင်တာတွေတော့ အများကြီးရှိပါသေးတယ်” လို့ The Rock က British GQ မဂ္ဂဇင်းကို ပြောပြခဲ့ပါတယ်။
 
The Rock လို ပုဂ္ဂိုလ်တစ်ယောက်သာ အမေရိကန် သမ္မတ ဖြစ်လာမယ်ဆိုရင်တော့ အမေရိကန် လျှို့ဝှက် လုံခြုံရေး စနစ်တွေကို အိမ်ဖြူတော်မှာ လိုအပ်တော့မှာ မဟုတ်ပါဘူး။ The Rock ကို တိုက်ခိုက်ဖို့ဆိုတာ လွယ်ကူတဲ့ အရာ မဟုတ်လို့ပါ။
 
Ref:elitedaily
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.