သော့ဆိုတဲ့အရာက အမြဲပျောက်တတ်လွန်းပြီး လိုက်ရှာရတဲ့အမျိုးပါ။ Hone လို့ခေါ်တဲ့ ဒီ Bluetooth Device လေးကတော့ iPhone နဲ့ iPop တွေမှာ သုံးနိုင်တဲ့ သော့ရှာပုံတော်မင်းသားလေးပါ။ တပ်ဆင်ရတာလည်း လွယ်လွယ်လေးပါ။ ဒီစက်ကလေးကို သော့နဲ့တွဲထားပြီး iPhone ပေါ်က ရှာဖွေရေးခလုတ်လေးကို နှိပ်လိုက်ရုံပါပဲ။ သော့ရှိတဲ့နေရာကို မီးတလက်လက်၊ အသံတစာစာနဲ့ အချက်ပြပေးမှာမို့ သော့ပျောက်တတ်တဲ့သူတွေအတွက် စိတ်ကြိုက်ဖြစ်မယ်ထင်ပါတယ်။ ဈေးနှုန်း ကတော့ ကန်ဒေါလာ ၄၉ ဒေါလာပါ။
သော့တံမလိုတဲ့ သော့ခလောက်
Lockitron လို့ခေါတဲ့ သော့တံမလိုတဲ့ သော့ခလောက်လေးကို အိမ်တံခါးမှာ တပ်ဆင်ထားလိုက်ရင် စမတ်ဖုန်းကို လက်တစ်ချက်ပွတ်လိုက်တာနဲ့ တံခါးသော့ဖွင့်ပြီးသား ဖြစ်နေမှာပါ။ အိမ်တံခါးလာခေါက်တဲ့သူရှိရင်လည်း အချက်ပြပေးနိုင်ပါတယ်။ သုံးစွဲသူတွေအတွက်စိတ်ကြိုက် ဖန်တီးထားတဲ့ device လေးဖြစ်ပြီး တံခါးနားကို ကပ်လိုက်တိုင်း တံခါးပွင့်သွားအောင်တောင် လုပ်လို့ရပါတယ်။ အပြင်ထွက်ရင်သော့ သယ်စရာ မလိုတော့ဘူးပေါ့။
ရေဒီယိုလှိုင်းသုံး အချက်ပြစက်
Tod လို့ခေါ်တဲ့ ရေဒီယိုလှိုင်းသုံး အချက်ပြစက်ကလေးကို သုံးပြီး ကလေး၊ ခွေး၊ ကြောင်နဲ့ ကား ကြိုက်တာကို ခြေရာခံလို့ရပါတယ်။ ကိုယ်နဲ့ဝေးဝေး ရောက်သွားခဲ့ရင် email ဒါမှမဟုတ် ဖုန်း message ကတဆင့် notification တွေရပြီး ခြေရာခံ နိုင်ပါတယ်။
အာရုံခံကိရိယာ
Sensordrone ဆိုတဲ့ အာရုံခံကိရိယာကို တပ်ဆင်ထားရင် လက်ရှိ ကိုယ့်ပတ်ဝန်းကျင်မှာဖြစ်နေတဲ့ အချက်အလက်တွေကို အာရုံခံပေးမှာပါ။ လေထုသန့်စင်နှုန်း၊ ဂတ်စ်ယိုစိမ့်မှု၊ အပူချိန်၊ စိုထိုင်းစနှုန်း အစရှိတာတွေကို အာရုံခံပေးမှာပါ။ နည်းပညာတိုင်းတာချက်တွေနဲ့ အလုပ်လုပ်နေရတဲ့ သူတစ်ယောက်အတွက် သိပ်ကိုအသုံးတည့်ပါတယ်။
သတိပေး ခေါင်းဆောင်း
ICEdot က ထုတ်လိုက်တဲ့ Crush Sensor ခေါင်းဆောင်းကို အသုံးပြုမယ်ဆိုရင် သင့်ဘ၀ဟာ ပိုပြီး လုံခြုံစိတ်ချသွားရမှာပါ။ စက်ဘီးစီးပြိုင်ပွဲ၊ ဆိုင်ကယ်စီးပြိုင်ပွဲတွေမျိုးမှာ ဒီခေါင်းဆောင်းကို ဆောင်းထားလိုက်ရုံနဲ့ မတော်တဆဖြစ်လာမယ့် အရေးပေါ်အခြေအနေဖြစ်ခဲ့ရင် သတိပေး ကယ်တင်ပေးမှာပါ။
(Ref:HONGKIAT)