အိပ်စက်ခြင်းမှ ရရှိစေတဲ့ ဦးနှောက် ကျန်းမာရေးအကျိုး ၅ မျိုး

sleep-benefits-brain-health.jpg
ခန္ဓာကိုယ်ကျန်းမာရေးအတွက် အိပ်စက်ခြင်းအကျိုးကျေးဇူးများ အကြောင်းကို ခင်ဗျားမကြာခဏကြားဖူးပါလိမ့်မယ်။ အဲဒီအကျိုးကျေးဇူးများရဲ့တစ်ခုမှာ အစာခြေဖျက်မှု၊ ကြီးထွားမှု၊ စွန့်ထုတ်မှုဖြစ်စေတဲ့ ဇီဝဖြစ်စဉ်နှင့် ဟော်မုန်းဓါတ်ထုတ် လွှတ်မှုဖြစ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အိပ်စက်ချိန်လိုအပ်မှုမတူညီကြပေမဲ့ ခန္ဓာကိုယ်ကျန်းမာစေဖို့အတွက် တစ်နေ့ ၇ နာရီ၊ ၈ နာရီ အိပ်စက်ဖို့လိုပါတယ်။
 
 
အိပ်စက်ချိန်နည်းပါးမှုကြောင်း ခန္ဓာကိုယ်ခံအားကိုဆုတ်ယုတ်စေရုံမက သွေးပေါင်တက်ခြင်း၊ စိတ်ကျရောဂါနှင့် အချိန်တို အတွင်းဦးဏှောက်မှတ်ဥာဏ်ကို ထာဝရထိခိုက်ပျက်စီးစေပါတယ်။ အိပ်စက်ခြင်းကို ပေါ့သေးသေးမထင်ပါနဲ့။ အိပ်စက်ခြင်းမှရရှိစေတဲ့ ဦးဏှောက်အကျိုး ၅ မျိုးမှာ –
 
၁။ အိပ်စက်မှုနည်းပါးရင် မှတ်ဥာဏ်စွမ်းရည်ကို ပျက်စီးစေပါတယ်။ 
 
နှစ်နှစ်ခြိုက်ခြိုက်အိက်စက်ခြင်းဟာ သမာဓိအားကောင်းခြင်း၊ စူးစိုက်နိုင်စွမ်းရှိခြင်းနှင့် သတိကောင်းစေတဲ့အပြင်  မှတ်ဥာဏ်စွမ်းရည်ကို တိုးတက်စေပါတယ်။ အိပ်စက်မှုနည်းပါးပါက အမြင်အာရုံမှူဝါးခြင်းနှင့် အကြားအာရုံကို ယုတ် လျှောစေပြီး တစ်ခုခုလုပ်ဆောင်ဖို့အတွက် လေးလံထိုင်းမှိုင်းစေတယ်လို့ သုတေသနတစ်ခုက ပြောဆိုပြသနေပါ တယ်။ ကျွန်ုပ်တို့ရဲ့နေ့စဉ်လှုပ်ရှားဆောင်ရွက်မှုကို မှန်မှန်ကန်ကန်ဆောင်ရွက်နိုင်စေဖို့အတွက် အိပ်စက်မှုဟာ အရမ်း အရေးကြီးပါတယ်။
 
၂။ အိပ်စက်ခြင်းမှ မှတ်ဥာဏ်ထိုးပွားစေပါတယ်။  
 
ကျွန်ုပ်တို့လုံလောက်စွာအိပ်စက်အနားယူပါက မှတ်ဥာဏ်ကိုအားကောင်းစေပြီး အချိန်တိုအတွင်းသင်ယူတတ်မြောက် နိုင်ပါတယ်လို့ သုတေသနတစ်ရပ်က ဖော်ပြနေပါတယ်။ အိပ်စက်ခြင်းဟာ မှတ်ဥာဏ်စွမ်းအားလုပ်ဆောင်မှုစွမ်းရည် တိုးပွားကောင်းမွန်လာစေရန်အတွက် ကျေးဇူးတရားကြီးမားပုံကို အထူးအံသြစရာမလိုပါပေ။
 
၃။ အိပ်စက်မှုနည်းပါခြင်းဟာ ဦးနှောက်ကိုထိခိုက်စေပါတယ်။  
 
အိပ်စက်အနားယူမှုနည်းပါးခြင်းဟာ သိမြင်စိတ်ကို ထိုင်းမှိုင်းစေတဲ့အပြင် ဦးဏှောက်ကိုပါ ထိခိုက်ပျက်စီးစေပါတယ်။ ကြွက်တွေကို စမ်းသပ်စစ်ဆေးကြည့်တဲ့ လေ့လာမှုတစ်ရပ်အရ အိပ်စက်မှုနည်းပါးခြင်းဟာ ဦးနှောက်အတွင်းရှိ ခန္ဓာကိုယ်အတွက် အရေးပါတဲ့ အာရုံကြောတွေကိုသေစေတယ်လို့ သုတေသနပညာရှင်များက ထုတ်ဖော်ပြသခဲ့ ပါတယ်။ အဲဒီအာရုံကြောတွေဟာ ကျွန်ုပ်တို့အိပ်စက်တဲ့အခါ အိပ်စက်ပြီး ကျွန်ုပ်တို့နိုးထလာတဲ့အခါ သူတို့လည်း နိုးထတတ်တာကြောင်း ပျက်စီးဆုံးရှုံးလွယ်ပါတယ်။
 
၎။ အိပ်စက်ခြင်းဟာ ဦးနှောက်အတွင်းမှ အဆိပ်အတောက်ကိုလည်း သန့်ရှင်းပေးပါတယ်။  
သိပ္ပံဂျာနယ်ထဲက လေ့လာမှုတစ်ခုမှာ အိပ်စက်ခြင်းဟာ နေ့ချိန်အတွင်း ဦးနှောက်ထဲမှာ တစတစစုပုံများပြားလာတဲ့ အဆိပ်အတောက်တွေကို သုတ်သင်ရှင်းလင်းပေးတဲ့ အရည်တစ်မျိုးကို ဦးနှောက်က ထုတ်လုပ်ပေးတယ်လို့ ဆိုထား ပါတယ်။ ဦးနှောက်မှာ အဲလိုသုတ်သင်ရှင်းလင်းပေးတဲ့လုပ်ဆောင်ချက်ကို ကန့်သတ်ထားတဲ့အတွက် ကျွန်ုပ်တို့ အိပ်စက်နေမှသာလျှင် ဖြစ်တတ်ပါတယ်။
 
၅။ အိပ်စက်မှုနည်းလျှင် ဦးနှောက်သေးစေတယ်။ 
အသက် ၂၀ ကနေ အသက် ၈၄ နှစ်အထိရှိတဲ့ လူတွေကို အိပ်စက်ခြင်းနှင့်ဆိုင်တဲ့ မေးခွန်းများဖြေခိုင်းပြီး ဦးဏှောက် ကို သံလိုက်စက်ကွင်းသုံး ပုံရိပ်ဖမ်းစက်(MRI)နှင့် စမ်းသပ်စစ်ဆေးကြည့်တဲ့အခါ ၃၅ ရာနှုန်းသောသူတို့မှာ အိပ်စက်မှုနည်းပါတာကြောင်း သူတို့ရဲ့ဦးနှောက်အရွယ်အစား သေးငယ်လာတာကိုတွေ့ရခဲ့တယ်လို့ အာရုံကြော ဆိုင်ရာ ဂျာနယ်တစ်ခုရဲ့လေ့လာမှုတစ်ခုမှာ ဖော်ပြထားပါတယ်။ ဒါပေမဲ့ အဲလိုသေးငယ်သွားတာဟာ အိပ်စက်မှု နည်းပါးလို့ ဖြစ်ရတာလား ဒါမှမဟုတ် ဦးနှောက်ပုံသဏ္ဍာန်ပြောင်းလဲလာတဲ့အကျိုးဆက်လားဆိုတာ သေသေချာချာ မသိရသေးပါဘူး။
 
Ref:articlesofhealthcare
5 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.