ရှုပ်ပွတဲ့အခန်းပိုင်ရှင်တွေနဲ့ ညဘက် စောစောမအိပ်တတ်သူတွေဟာ ဥာဏ်ရည်ထက်မြက်သူတွေ ဖြစ်ကြ

messy_room_1.jpg
လူငယ်တွေရဲ့  သမိုင်းမှာ ပထမဆုံးအကြိမ်အနေနဲ့ အမေ တွေကို မှားတယ်လို့ ပြန်စွပ်စွဲလို့ရနိုင်မယ့် တွေ့ရှိ မှုတွေ ထွက်ပေါ်လာပါပြီ။ ကျွန်ုပ်တို့ရဲ့  တစ်ဖြည်းဖြည်း အရွယ်ရောက်လာခဲ့တဲ့ ကာလတွေမှာ ကိုယ့်အခန်း ကိုယ်ရှင်းဖို့ စေခိုင်းခံရတာမျိုး ၊ ည ၉နာရီဆိုတာနဲ့ မအိပ်ချင်သေးလည်း အတင်း အိပ်ယာဝင်ခိုင်းတာမျိုး အစရှိတဲ့ အတွေ့အကြုံတွေကို အားလုံး တန်းတူ ရရှိခဲ့ဖူးမှာ သေချာပါတယ်။
 
အမှန်တစ်ကယ်က ကျွန်ုပ်တို့ မိဘတွေဟာ အဲဒီလို မျိုးတွေ မလုပ်ခဲ့သင့်ပါဘူး။ နောက်ဆုံးမှာတော့ သိပ္ပံပညာဟာ ကျွန်ုပ်တို့ အမူအကျင့်တွေဟာ မှန်ကန်ခဲ့ကြောင်း သက်သေပြသွားပါတယ်။ မကြာသေးခင်ကမှ ပြုလုပ်ခဲ့တဲ့ လေ့လာမှုတွေက တဆင့် တွေ့ရှိခဲ့တာကတော့ အလွန်ကျိန်ဆိုပြောတတ်သူများ ၊ ညဘက် နောက်ကျသည်ထိ မအိပ်ပဲနေတတ်သူများ နဲ့ စာကြည့်စားပွဲကို ရှုပ်ပွနေအောင်ထားတတ်သူများ ဟာ အခြား လူတွေထက် ဥာဏ်ရည်ထက်မြတ်ကြတယ် ဆိုတာ ကို တွေ့ရှိခဲ့ပါတယ်။ ( အခြားလူတွေ ဆိုတာက တစ်နည်းအားဖြင့် ကိုယ့်အခန်းကိုယ်အမြဲတမ်း သန့်ရှင်းသပ်ရပ်စွာထားရှိနေထိုင်သူများနဲ့ စောစောအိပ် ၊ စောစောထ တတ်သူများ ကို ဆိုလိုတာဖြစ်ပါတယ် )
 
မနှစ်ကမှ ပြုလုပ်ခဲ့တဲ့ လေ့လာမှုမှာတော့ ကျိန်ဆိုပြောတတ်သူတွေဟာ ကျိန်ဆိုပြောလေ့ မရှိသူတွေထက် ပိုမိုပြီး ဝေါဟာရ ကြွယ်ဝကြသလို ကိုယ့်ကိုကိုယ် ယုံကြည်မှု ပိုမို ရှိကြတယ်ဆိုတာကို တွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။ ရှုပ်ပွတဲ့အခန်းဆိုတာဟာလည်း တစ်ချိန်က ဖွဲ့စည်းမှု မကောင်းမွန်ခြင်းနဲ့ ထုတ်လုပ်နိုင်စွမ်းမရှိတဲ့ ဘ၀ တစ်ခုရဲ့  အမှတ်အသားဖြစ်ခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ ဥာဏ်ရည် ထက်မြက်မှုရဲ့  လက္ခဏာ ဖြစ်လာ ခဲ့ပါတယ်။ လွန်ခဲ့တဲ့ နှစ်အနည်းငယ် ခန့်က သုတေသီတွေဟာ ရှုပ်ပွနေတဲ့ စားပွဲခုံတွေမှာ အလုပ် လုပ်ခဲ့ သူတွေဟာ စိတ်ဝင်စားဖို့ကောင်းပြီး လက်ရာမြောက်တဲ့ အကြံဥာဏ် တွေကို စဉ်းစား တွေးခေါ် တတ်ကြသလို ထုံးစံ မဟုတ်တဲ့ စံနှုန်းသတ်မှတ်ချက်တွေကို ချိုးဖျက်ပစ်ဖို့ ဆန္ဒရှိသူတွေလည်း ဖြစ်ကြတယ်ဆိုတာကို တွေ့ရှိခဲ့ကြပါတယ်။ ဒါကြောင့် နောက်တစ်ကြိမ်မှာ တစ်စုံတစ်ယောက်က သင့် အလုပ်စားပွဲကို ရှင်းဖို့ ပြောလာခဲ့ရင် သင့်အနေနဲ့ အကြံဥာဏ်ကောင်းတွေရရှိဖို့ စားပွဲကို ရှုပ်ပွထားစေတာ ဖြစ်တယ်ဆိုတဲ့ ဆင်ခြေ တစ်ခု ကိုလည်း ပေးလို့ရသွားပါပြီ။
 
သိပ္ပံပညာအရ စမ်းသပ်စစ်ဆေးမှုတွေမှာလည်း ညဘက် စောစောမအိပ်ပဲ နောက်ကျတဲ့ အထိ နေတတ်သူတွေဟာလည်း စောစောအိပ်တတ်သူတွေထက် ပိုမိုကောင်းမွန်တဲ့ အလုပ်အကိုင် ရာထူးတွေနဲ့ ပိုမိုများပြားတဲ့ ၀င်ငွေတွေကို ပိုင်ဆိုင်ထားကြတယ်ဆိုတဲ့ အချက်အလက်တစ်ခု ကိုတွေ့ရှိထားကြပါသေးတယ်။
 
ဒါကြောင့် သင် ဘယ်လိုလူလည်း ဆိုတာနဲ့ ပတ်သက်ပြီး ကိုယ့်ကိုကိုယ်ယုံကြည်ခွင့် သင့်မှာ အပြည့်အ၀ ရှိတယ်ဆိုတာ မမေ့ပါနဲ့။ စောစော မအိပ်တတ်တာ ၊ ကိုယ့်အခန်းကို အမြဲတမ်း ရှုပ်ပွနေစေတာ တွေဟာ သင့်အားနည်းချက်တွေမဟုတ်ပါဘူး။ ဒီအမူအကျင့်လေးတွေရှိနေရုံနဲ့တော့ ကိုယ့်ကိုကိုယ် လျှော့မတွက်လိုက်ပါနဲ့။
 
Ref:yourtango
453 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.