နည်းပြရာထူးမြဲရေးထက် ပေါ်တူဂီနှင့်ပွဲအပေါ်သာပိုပြီး အားရုံစိုက်နေဟု ဆွီဒင်နည်းပြအဲရစ်ဟမ်ရန်ပြော

news_a12.jpg

ယနေ့ညတွင် ဥရောပဇုန်ကမ္ဘာ့ဖလားခြေစစ်ပွဲ Play-offပွဲစဉ် ဒုတိယအကျော့များကို ကစားကြရတော့မည်ဖြစ် ရာ အသည်းအသန်ကစားကြရတော့မည်ဖြစ်သည်။ ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ပါဝင်ယှဉ်ပြိုင်ခွင့်ကို လုကြရမည်ဖြစ်သော ကြောင့်လည်း နည်းပြတစ်ဦး၏ အနာဂတ်နှင့်လည်း များစွာပတ်သက်နေရာ ဆွီဒင်နည်းပြအဲရစ်ဟမ်ရန်အား ထိုကိစ္စအပေါ် မေးမြန်းခဲ့ကြရာ (၅၆)နှစ်အရွယ်နည်းပြက ပါးနပ်လိမ္မာစွာပင် ဖြေကြားသွားခဲ့သည်။ “ ကလပ်အ သင်းတွေကို ကိုင်တွယ်ခဲ့စဉ်ကတည်းက ဒီလိုမျိုးအခြေအနေအတော်များများ ကြုံခဲ့ဖူးပါတယ်။ ပွဲတစ်ပွဲကို ရှုံး လိုက်ခြင်းအားဖြင့် ကိုယ့်နည်းပြသက်တမ်းကို တိုတောင်းသွားစေမယ်ဆိုတဲ့ အနေအထားမျိုးပေါ့။ ဒါပေမယ့်  အဲဒါကိုတွေးမနေပါဘူး။ ကျွန်တော်က အောင်မြင်မှုကိုပဲ အာရုံစိုက်နေတယ်။ အောင်မြင်သွားခဲ့တဲ့အခါ ဒီကိစ္စကို ဆက်ပြောဖို့ မလိုတော့ ဘူးလေ”ဟု အဲရစ်က ဖြေခဲ့သည်။

ဆွီဒင်ကွင်းတွင်ကစားရမည့်ပွဲမှာ ပထမအကျော့တွင် စီရော်နယ်လ်ဒို၏ဂိုးကြောင့် အရေးနိမ့်ခဲ့ရမှုအား ပြန်လည် ချေပရမည့် ပွဲဖြစ်သည်။ Play-off  ပွဲများမစတင်ခင်က စီရော်နယ်လ်ဒိုနှင့် ဇလေတန်အီဗရာဟီမိုဗစ်ခ်ျတို့ကြား မှ တိုက်ပွဲဟု သတ်မှတ်ခဲ့ကြရာ ရော်နယ်လ်ဒိုဂိုးသွင်းပြခဲ့ပြီဖြစ်သောကြောင့် ယခုပွဲမှာ မိုဗစ်ခ်ျအလှည့်ဟုပြောဆိုနေ ကြသည်။ သို့သော်လည်း အဲရစ်ဟမ်ရန်က “ဇလေတန်က ဒီလိုထိပ်တန်းအဆင့်မျိုးနဲ့ ကစားလာခဲ့တာနှစ်တွေကြာ ခဲ့ပါပြီ။ ကျွန်တော့်အတွက်တော့ ဒီပွဲက စီရော်နယ်လ်ဒိုနဲ့ ဇလေတန်ရဲ့ပွဲမဟုတ်ပါဘူး။ ဆွီဒင်နဲ့ ပေါ်တူဂီတို့ကစား ကြမယ့်ပွဲပါ။  ဒီပွဲမှာ ကျွန်တော်တို့အသင်းမဖြစ်မနေဂိုးသွင်းရလိမ့်မယ်။ ပေါ်တူဂီကတော့ ရလဒ်ပိုင်းကိုပဲထိန်းက စားလို့ရတဲ့ အနေအထားပိုင်ဆိုင်ထားပါတယ်။ အခုရင်ဆိုင်ရမယ့်အသင်းက တကယ့်ကိုကောင်းတဲ့ကစားသမား တွေရှိတဲ့အသင်းဆိုတော့ ကျွန်တော်တို့က တိုက်စစ်ကိုတအားတိုက်လို့တော့မဖြစ်ဘူး။ သူတို့က ကောင်းကောင်း ကြီးး အသုံးချသွားလိမ့်မယ်”ဟု မှတ်ချက်ပြုခဲ့သည်။

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.