ကိုယ့်ကိုပစ်ပြီး တခြားမိန်းမတစ်ယောက်ကို လက်ထပ်သွားရတဲ့ အကြောင်းရင်းကို သိလိုပါသလား

cheat_14.jpg
ကိုယ့်ချစ်သူက ကိုယ့်ကိုပစ်ပြီး တခြားတစ်ယောက်နဲ့ လက်ထပ်သွားတာကို မိန်းကလေးအချို့ ကြုံဖူးကြမှာပါ။ ကိုယ့်ဘက်က အမှားအယွင်းတစ်ခုခုလည်း မလုပ်ထားပါဘဲနဲ့ ကိုယ့်ကိုမရွေးဘဲ တခြားတစ်ယောက်ကို ရွေးသွားရတဲ့အကြောင်းရင်းကို ခံပြင်းအံအားသင့်စိတ်နဲ့ သိချင်စိတ်ဖြစ်မိပါလိမ့်မယ်။ ချစ်လွန်းအားကြီးလို့ဖြစ်စေ၊ အဖြေတစ်ခုရချင်လို့ဖြစ်စေ သူနဲ့ ထိပ်တိုက်တွေ့ပြီး မေးကြည့်ချင်တဲ့ စိတ်တွေဖြစ်နေမယ်။ ဘာကြောင့်လဲ၊ဘာလို့ ဒီလိုလုပ်တာလဲလို့ သိချင်နေတဲ့ မိန်းကလေးတွေကို သေချာပြောနိုင်တာက ကိုယ့်အားနည်းချက်တွေကြောင့် သူထားသွားတာ မဟုတ်ပါဘူး။ အားနည်းချက်က မရွေးခြယ်ခြင်းရဲ့ အဓိက အကြောင်းရင်း ဘယ်တော့မှ မဖြစ်ပါဘူး ။ ကိုယ့်ကိုမရွေးဘဲ တခြားတစ်ယောက်ကို ရွေးသွားတာက ယောက်ျားတစ်ယောက်ရဲ့ သဘာဝကို အခြေခံတဲ့အကြောင်းရင်းတွေ အများကြီးရှိပါတယ်။ ဒီအကြောင်းတွေ သိလိုက်ရရင်တော့ မချင့်မရဲဖြစ်တာ၊ ဝမ်းနည်း ဒေါသထွက်တာတွေကို အတိုင်းအတာ တစ်ခုအထိဖြေဖျောက်နိုင်လိမ့်မယ်လို့ ထင်ပါတယ်။
 
၁)သင်က ခဏတာ အချိန်ကုန်ဆုံးဖို့ပဲ ကောင်းပြီး တစ်ဘဝလုံးစာအတွက် မကောင်းနိုင်ဘူးလို့ ယုံကြည်တာ
 
လူတွေက သင့်ဘဝထဲကို အကြောင်းပြချက်တစ်ခုအတွက်၊ အချိန်ပိုင်းလေးတစ်ခုအတွက် ဒါမှမဟုတ် တစ်ဘဝလုံးစာအတွက် ရောက်လာလေ့ရှိကြပါတယ်တဲ့။ ဒီတော့ ကိုယ့်ဘဝထဲကို ရောက်လာတဲ့သူက တစ်ခဏတာလား၊ တစ်ဘဝစာလားဆိုတာ သိနိုင်ဖို့ အဖြေရှာတာက ကိုယ့်တာဝန်ပဲပေါ့။ သူကိုယ့်ကို ထားခဲ့တဲ့ အဖြစ်နိုင်ဆုံး အကြောင်းရင်းကတော့ သူနဲ့ကိုယ့်အတွက် အရမ်းပျော်စရာကောင်းတဲ့အချိန်တွေ ရှိခဲ့ကောင်းရှိခဲ့နိုင်ပေမဲ့ တစ်ဘဝလုံး သင်နဲ့အတူ အချိန်ကုန်ဆုံးရရင် ပျော်စရာကောင်းနိုင်မယ်လို့ သူမထင်လို့ပါ။ကိုယ်နဲ့အတူ အကောင်းအဆိုးတွေအားလုံးကို အောင်အောင်မြင်မြင် ဖြတ်ကျော်နိုင်မယ်လို့ ယုံကြည်စိတ်မရှိလို့ပဲ ဖြစ်ပါတယ်။
 
၂)သင်က သူ့နားမှာရှိတဲ့သူတွေ သဘောကျတဲ့သူတစ်ယောက် မဟုတ်လို့
 
သင်ပြောချင်တာ ပြောနေပါစေ ။ ယောက်ျားတွေက သူနဲ့အရင်းနှီးဆုံးသူတွေရဲ့ ထင်မြင်ချက်ကို အရမ်းတန်ဖိုးထားတတ်ပါတယ်တဲ့။ ဒါက ကလေးဆန်တယ်လို့ ပြောချင်ပြောလို့ရပေမဲ့ ယောက်ျားလေးအများစုက တကယ်ပဲ မိဘ၊ဆွေမျိုးနဲ့သူငယ်ချင်းတွေ သဘောကျတဲ့သူမျိုးကို အိမ်ထောင်ဖက်အဖြစ် ရွေးချယ်တာ များပါတယ်။ ဒါက မသိစိတ်ရဲ့ လွှမ်းမိုးမှုလို့ ဆိုရမှာပါ။ မိန်းကလေးတွေရဲ့ သဘာဝက ချစ်မိပြီဆိုရင် ဘယ်သူတားတား၊ဘယ်လို ခွဲခွဲ နောက်မဆုတ်တမ်း လက်တွဲလေ့ရှိပါတယ်။ ကိုယ်ပိုင်ရွေးချယ်မှု လုပ်နိုင်တဲ့ ယုံကြည်မှုရှိပြီး အတွေးအခေါ်တော်တော်လေးကို လွတ်လပ်တဲ့ ယောက်ျားတွေကပဲ မိဘအသိုင်းအဝိုင်းတွေနဲ့ ဆန့်ကျင်ပြီး ရွေးချယ်တတ်တာကြောင့် သင့်ကို မရွေးချယ်ခဲ့တာက သင်က သူ့အသိုင်းအဝိုင်းက သဘောကျတဲ့သူတစ်ယောက် မဟုတ်လို့ဘဲ ဖြစ်ပါတယ်။
 
၃) အရေးကြီးတဲ့အချက်တွေမှာ နက်ရှိုင်းတဲ့ နားလည်ပတ်သက်မှုမျိုး မရှိကြတာ
 
လူနှစ်ယောက်ရဲ့ ဆက်ဆံရေးမှာ ပြောစရာမလိုဘဲ သိနေတတ်တဲ့ အချက်တွေတူတာများရင် သံယောဇဉ်ပိုပြီး နက်ရှိုင်းပါတယ်တဲ့။ဘာသာရေး အမြင်ပဲဖြစ်ဖြစ်၊ နိုင်ငံရေး အမြင်ပဲဖြစ်ဖြစ် အနည်းဆုံး နှစ်ယောက်စလုံးရယ်မောနိုင်တဲ့ ဟာသမျိုး ရှိရဲ့လားဆိုတာ ရေရှည်လက်တွဲဖို့အတွက် ထည့်စဉ်းစားလိုက်တဲ့အခါ သင်တို့နှစ်ယောက်ကြားမှာ ဒီလို နားလည်မှုမျိုး မရှိလို့ပဲ ဖြစ်ပါလိမ့်မယ်။သင်တို့နှစ်ယောက် မျှဝေခံစားနိုင်တဲ့ အရာတွေနည်းပါးရင် အချစ်တစ်ခုတည်းကို ဦးစားမပေးတတ်တဲ့ ယောက်ျားတွေအတွက် လက်တွဲဖို့ တွန့်ဆုတ်သွားတာ ဖြစ်ပါလိမ့်မယ်။
 
Ref:yourtango
 
 
 
 
 
91 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.