အစစအရာရာ အဆင်မပြေတဲ့အခါ ဒီအချက်လေးတွေ သတိရပါ

when-everything-goes-wrong-remember-these-things.jpg

သင့်မှာစိတ်ဖိစီးမှုတွေ ၊ အဆင်မပြေမှုတွေ များလာတဲ့အခါ စိတ်ဓာတ်တွေ ကျလာတတ်ပါတယ်။ စိတ်ဓာတ်ကျနေတဲ့ လူတစ်ယောက်အတွက် စိတ်ခွန်အားပြန်ဖြည့်ပေးနိုင်ဖို့အတွက် ဒီအချက်လေးတွေ တွေးကြည့်တတ်ဖို့ လိုပါတယ်။ 

၁။ သင်တစ်ယောက်တည်းမဟုတ်ဘူး။ လူတိုင်း အဆိုးဆုံးနေ့ ကြုံဖူးကြသူချည်းပဲ။

၂။ မနက်ဖြန်ဆိုတာ နေ့သစ်။ ဒီတော့ ဒီကနေ့ဖြစ်ခဲ့သမျှ အတိတ်ဖြစ်သွားပါလိမ့်မယ်။

၃။ သင် အသက်ရှင်နေသေးတယ်။

၎။ သင်ဟာ ပိုတန်ဖိုးရှိလာတယ်။

၅။ အချိန်က အားလုံးကို ကုစားပေးပါတယ်။

၆။ ဘဝမှာ ကောင်းတဲ့အရာတွေ ပြန်လည်ရေတွက်ပါ။

၇။ စိုးရိမ်သောကနဲ့ စိတ်ဓာတ်ကျခြင်းဆိုတာ ရှက်စရာမဟုတ်ပါ။

၈။ သင့်ကိုသင် တခြားသူများနဲ့ လုံးဝ မနှိုင်းယှဉ်ပါနဲ့။

၉။ သင့်ကို ဂရုစိုက်၊ ချစ်ခင်သူတစ်ဦး အမြဲရှိနေပါတယ်။

၁၀။ အပျက်သဘောဆောင်တဲ့ စိတ်ခံစားချက်တွေ ဖုံးကွယ်မထားပါနဲ့။

၁၁။ ဒီကနေ့ သင့်နေ့ မဖြစ်နိုင်ပေမယ့် မနက်ဖြန် သင့်ဘဝရဲ့ အကောင်းဆုံးနေ့ရက် ဖြစ်နိုင်ပါတယ်။

၁၂။ ရယ်မောခြင်းက အသက်ရှည်စေပါတယ်။

၁၃။ ပွေ့ဖက်ခြင်းလည်း ထိုးနည်း၎င်းပါပဲ။

၁၄။ အကြောင်းမရှိဘဲ ဝမ်းနည်းတာ ရူးနေတာမဟုတ်။

၁၅။ ဒီကနေ့ဆိုတာ အမြဲရှိနေမှာ မဟုတ်။ 

Ref: HFT 

17 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.