သင့်အလုပ်စားပွဲခုံက သင့်တင်ပါးကို ဒီလို အကျိုးသက်ရောက်မှုပေးနိုင်

adobestock_97766954-750x500.jpeg

အလုပ်စားပွဲမှာ အချိန်ကြာမြင့်စွာ ထိုင်ခြင်းက ကျောဘက်ပိုင်း ခန္ဓာကိုယ်ဖွဲ့စည်းမှု ပုံစံပျက်စေနိုင်ပါတယ်။ Livestrong ရဲ့ ဖော်ပြချက်အရ အထိုင်များခြင်းကြောင့် ပြားချပ်သွားတဲ့ တင်ပါးဆုံကို "secretary butt" လို့ ရည်ညွန်းပြောထားပါတယ်။ အဲဒါ သင့်မှာလည်း ဖြစ်နိုင်ခြေ ရှိပါတယ်။

တစ်နေ့တာလုံး ထိုင်နေရတဲ့ခါ အဓိကဖြစ်တာက တင်ပါးဆုံကြွက်သား ပိနေခြင်းပဲ ဖြစ်ပါတယ်။ တင်ပါးဆုံကြွက်သားက တင်ပါးလှုပ်ရှားမှု၊ တင်ပါးဆုံရိုးလှည့်ခြင်းစတာတွေပေါ် အကျိုးသက်ရောက်စေပါတယ်။ ဒီတော့ တင်ပါးဆုံကြွက်သားချိနဲ့ခြင်းက ခန္ဓာကိုယ်တစ်ခုလုံး ထိခိုက်စေနိုင်ပါတယ်။ ဒါပေမယ့် စိတ်တော့ ပျက်မသွားပါနဲ့။ သင့်တင်ပါးလှလှလေးကို ထိန်းသိမ်းဖို့ နည်းလမ်းတွေ ရှိပါတယ်။

၁။ ကိုယ်ဟန်အနေအထား ပြင်ပါ

ကျွန်ုပ်တို့အားလုံးဟာ အလုပ်စားပွဲမှာ မြုပ်နေအောင် ထိုင်နေရသူတွေ ချည်းဖြစ်ပါတယ်။ နည်းလမ်းမှန်ကန်စွာ ထိုင်ပါက ကျောကုန်းအောက်ပိုင်းနဲ့ တင်ပါးနေရာအတွက် အံ့သြစရာတွေ ပြုလုပ်ပေးပါလိမ့်မယ်။ ဒါ့ကြောင့် နည်းလမ်းမှန်မှန်နဲ့ အနေသားကျဖို့ အာရုံစိုက်ပါ။ သင့်တင်ပါးလှခြင်းမလှခြင်းဆိုတာ သင့်ပေါ်မှာပဲ မူတည်ပါတယ်။

၂။ အထိုင်လျော့ပါ

မတ်တပ်ရပ်ပြီး ဟိုနားဒီနား လမ်းလျှောက်တာပဲဖြစ်ဖြစ် မတ်တပ်စားပွဲခုံအသုံးပြုခြင်းပဲဖြစ်ဖြစ် မထိုင်တဲ့အချိန်တိုင်း တင်ပါးကိုတောင့်တင်းအောင် လုပ်ပေးနေပါတယ်။

၃။ ကိုယ်ကာယလေ့ကျင့်ခန်း

လုပ်ငန်းခွင်မှာ ဘယ်လောက်ကြာကြာထိုင်လဲ အရေးမကြီးပါဘူး။ နေ့တိုင်းလေ့ကျင့်ခန်းပုံမှန်လုပ်ပါက တင်ပါးကြွက်သားသာမက ခန္ဓာကိုယ်တစ်ခုလုံး အထောက်အကူ ဖြစ်စေပါတယ်။

၎။ တင်ပါးကို အသားပေးပါ

လေ့ကျင့်ခန်းလုပ်တာ အထူးကောင်းမွန်ပါတယ်။ ဒါပေမယ့် တင်ပါးကြွက်သား အသားပေးဆောင်ရွက်ခြင်းက ပိုလို့တောင် အထောက်အကူဖြစ်စေပါတယ်။ အထူးပစ်မှတ်ထားလုပ်ဆောင်ဖို့ ထိုင်ထလေ့ကျင့်ခန်းတွေ ထောက်ခံချက်ပေးထားပါတယ်။ 

Ref: simplemost

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.