ကော်ဖီသောက်ပြီး ဝိတ်ချမယ်ဆိုရင်

coffee-caffeine-weight-loss-good.jpg

ကော်ဖီမှာပါတဲ့ ကဖိန်းဓာတ်က အစာစားလိုစိတ် ထိန်းချုပ်ပြီး ဇီဝဖြစ်ပျက်မှု ပိုမိုကောင်းမွန်စေပါတယ်။ ကဖိန်းဓာတ်ဟာ အဆီလောင်ကျွမ်းစေတဲ့ လေ့ကျင့်ခန်းလုပ်နေစဉ် အားအင်ပို ရစေကာ လေ့ကျင့်မှု ပိုလုပ်ဆောင်နိုင်စေပြီး ကိုယ်အလေးချိန် ပိုကျမြန်စေပါတယ်။

ဒါပေမယ့်လို့ ကော်ဖီကို တစ်နေ့ ၂ ခွက်ထက် ပိုမသောက်သင့်ပါဘူး။ ကိုယ်ကာယလေ့ကျင့်ခန်းပြုလုပ်ခြင်း၊ အနှိပ်ခံခြင်း သို့မဟုတ် ချွေးထုတ်ခန်းမဝင်ခင် မိနစ် ၃၀-၆၀ အလိုမှာ ကော်ဖီတစ်ခွက်သောက်ခြင်းက ကိုယ်ကာယလေ့ကျင့်မှု အထိရောက်ဆုံး ဖြစ်စေပါတယ်။

ကော်ဖီမှာ ရှိတဲ့ ကဖိန်းဓာတ်ရဲ့ အကျိုးသက်ရောက်မှုဟာ ၃ နာရီကနေ ၄ နာရီအတွင်း ကြာပါတယ်။ အလွန်အကျွံမသောက်သုံးမိဖို့ သတိပြုပါ။ 

Ref: easylifestyletips

 

1 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.