Psoriasis အရေပြားရောဂါအကြောင်း သိသင့်တဲ့အချက်များ

s1-what-is-psoriasis.jpg

သွင်ပြင်လက္ခဏာ

ထူထပ်၊ နီမြန်းတဲ့ အရေပြား အဖုအပိမ့်တွေဟာ အဖြစ်များဆုံး psoriasis ခေါ် ကြမ်းထော်ပြီး အနီပိမ့်ထတဲ့ အရေပြားရောဂါကို ဖော်ညွှန်းပါတယ်။ တခြားအမျိုးအစားတွေမှာ အရေပြား အနီဖုသေးသေးလေးတွေ၊ ပြည်တည်တဲ့ အနာဖု၊ ဒဏ်ရာ၊ အနာပေါက်ခြင်းနဲ့ အရေပြား နီမြန်း ယားယံ နာကျင်ခြင်းတွေ ဖြစ်ပါတယ်။

ဖြစ်ရသည့် အကြောင်းရင်း

အရေပြားဆဲလ် ထုတ်လုပ်မှု လွန်ကဲခြင်းဖြစ်စေတဲ့ ကိုယ်ခံအားစနစ် ချို့တဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ နာတာရှည်ရောဂါဆိုပေမယ့် psoriasis ရောဂါဟာ အရေပြားခြောက်သွေ့ခြင်း၊ အသေးဖွဲအရေပြားအနာတရဖြစ်ခြင်း၊ စိတ်ဖိစီးမှု၊ နေလောင်ဒဏ်၊ ခရမ်းလွန်ရောင်ခြည်ဒဏ်ခံရခြင်းတို့ကြောင့် ဖြစ်ပွားနိုင်ပါတယ်။

ခံစားမှု

တခါတရံ နာကျင်ကိုက်ခဲပြီး စပ်ဖျဉ်းဖျဉ်း ဖြစ်တတ်ပါတယ်။ တံတောင်ဆစ်၊ ဒူးဆစ် သို့မဟုတ် ခန္ဓာကိုယ် ရင်ပိုင်းတွေမှာ အဖြစ်များပေမယ့် ဘယ်နေရာမဆို ဖြစ်နိုင်ပါတယ်။ ရောဂါကူးစက်တတ်ခြင်းတော့ မရှိပါဘူး။

ကုသခြင်း

အရေပြားကို ဆီအမြဲလိမ်းပေးပါ။ ရောဂါပြင်းထန်ခြင်းနဲ့ နေရာပေါ်မူတည်ပြီး ကုသမှုဟာ OTC cortisone creams၊ coal tar လိမ်းဆေး၊ salicylic acid ထုတ်ကုန်ပစ္စည်း သို့မဟုတ် ဗောက်ကင်းခေါင်းလျှော်ရည်တွေ ဖြစ်နိုင်ပါတယ်။ နေရောင်ခြည်နဲ့ ထိတွေ့ခြင်းက အရေပြားသန့်ရှင်းမှု ဖြစ်စေနိုင်ပါတယ်။ ဒါပေမယ့် နေမလောင်ပါစေနဲ့။

OTC ကုသခြင်းနဲ့ မပျောက်ပါက ဆရာဝန်ဆီ ပြပါ။ ဆရာဝန်တွေအနေနဲ့ လိုအပ်တဲ့ဆေးညွှန်း၊ ရောင်ခြည်ကုထုံး၊ ဆေးဝါး သို့မဟုတ် ခန္ဓာကိုယ် ကိုယ်ခံအားတုံ့ပြန်မှုအဓိကထား ဆောင်ရွက်ပေးတဲ့ biologics လို့ခေါ်တဲ့ ဆေးဝါးသစ်တွေ ညွန်းပေးနိုင်ပါလိမ့်မယ်။ 

Ref: Easylifestyle 

35 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.