မြန်မာပြည်အတွက် ပထမဆုံး အခမဲ့ Fantasy Football Application ရဲ့ စာနယ်ဇင်းမိတ်ဆက်အခမ်းအနား

image_7_credit_to_market_myanmar.jpg

 မြန်မာနိုင်ငံတွင် ပြည်တွင်း၌ ပထမဦးဆုံးဖန်တီး ထုတ်လုပ်သည့် မိုဘိုင်းဘောလုံးဂိမ်း ဖြစ်သည့်အပြင် မြန်မာနိုင်ငံတစ်ဝန်းရှိ ဘောလုံးပရိသတ်များဧ။် ဘောလုံးပွဲကြည့်ရှုခံစားမှု အတွေ့အကြုံကို အဆင့်မြှင့်တင်ပေးနိုင်ရန် ရည်ရွယ်ပြီး မကြာခင် ကျင်းပတော့မည့် ယူရို ၂၀၁၆ ချန်ပီယံဖလားပြိုင်ပွဲအကြိုအနေဖြင့် အခမဲ့လွယ်ကူစွာ မိတ်ဆွေများနှင့် ယှဉ်ပြိုင်ကစားနိုင်မည့် Fantasy Football မိုဘိုင်းဂိမ်းတစ်ခုကို ပြည်တွင်းကုမ္ပဏီ တစ်ခုဖြစ်သော Market Myanmar ကုမ္ပဏီမှ ပြည်သူလူထုအား စတင်မိတ်ဆက်ပွဲအခမ်းအနားကို ( ၁.၆.၂၀၁၆ ) နေ့လည် ၂ နာရီ မှ ညနေ ၄ နာရီထိ Novotel Yangon Max ( pathein ballroom ) မှာ ကုမ္ပဏီမှ တာဝန်ရှိသူများ ၊ ဘောလုံးသမားများနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။

Fantasy King သည် မြန်မာနိုင်ငံရှိ ဘောလုံးပရိသတ်တိုင်းအတွက် အခမဲ့ လွယ်ကူစွာ မိတ်ဆွေများနဲ့ယှဉ်ပြိုင်ကစားနိုင်မဲ့ ဂိမ်းဖြစ်ပါသည်။ ဘောလုံးပရိသတ်များအနေဖြင့် Fantasy Football ဧ။် သဘောတရားကို အခြေခံပြီး အပတ်စဉ်ကျင်းပသော Fantasy King ဘောလုံးပြိုင်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်နိုင်ရန် အတွက် ဘောလုံးအသင်းမန်နေဂျာ အခန်းဏ္ဍကို တာဝန်ယူပြီး မိမိအသင်းအတွက် ကစားသမား ၁၁ ဦးကို ရွေးချယ်နိုင်ကာ မြန်မာနိုင်ငံတစ်ဝှမ်းရှိ အခြားဂိမ်းကစားသူများနှင့် ယှဉ်ပြိုင်ကစားပြီး ဂိမ်းထဲတွင် ရွေးချယ်နိုင်မည့် ကစားသမားများ စာရင်းကို ယူရို ၂၀၁၆ ဘောလုံးပြိုင်ပွဲ ၊ အင်္ဂလိပ်ပရီးမီးယားလိဂ် ပြိုင်ပွဲနှင့် ချန်ပီယံလိဂ် ပြိုင်ပွဲတို့တွင် ပါဝင်ကစားမည့် ကစားသမားများကဲ့သို့သော တကယ့်လက်တွေ့ဘောလုံးပြိုင်ပွဲများအတိုင်း ရွေးချယ်နိုင်မည်ဖြစ်ပါသည်။ ဆိုလိုသည်မှာ ဂိမ်းကစားသူများအနေဖြင့် တီဗီပေါ်တွင် ဘောလုံးယှဉ်ပြိုင်မှုကို ခံစားနိုင်ရုံသာမကဘဲ မိမိရွေးချယ်ထားသည့် ကစားသမား ၁၁ ဦးသည် တကယ်ယှဉ်ပြိုင်ကစားသည့်ပွဲများတွင် စွမ်းဆောင်ရည် ကောင်းမွန်ပါက အမှတ်များကိုရရှိမှာဖြစ်ပြီး နှစ်သက်ဖွယ်ဆုလက်ဆောင်များကို ရယူနိုင်မှာဖြစ်ပါတယ်။

Fantasy King ရဲ့ အဓိက ရည်မှန်းချက်မှာ မြန်မာနိုင်ငံတွင် ထိပ်တန်းမိုဘိုင်းဂိမ်းဖြစ်လာရန် နှင့် လာမည့်နှစ်တွေမှာ ဒေသတွင်းမှာရှိသည့် အခြားနိုင်ငံတွေမှာလည်း ဒီဂိမ်းကို မိတ်ဆက်ဖြန့်ချိသွားနိုင်ဖို့မျှော်လင့်ထားကြောင်းသိရပါသည်။

Fantasy King ကို ယခုနှစ် ဧပြီလတွင် အစမ်းစတင်မိတ်ဆက်ချိန်ကစပြီး အသုံးပြုသူ ၃၀၀၀ ကျော်ခဲ့ကာ အဆိုပါအသုံးပြုသူများထဲမှ ၂၅ ရာခိုင်နှုန်းမှာ ပြီးခဲ့သည့် နှစ်လတာ ကာလတစ်လျှောက်တွင် ပုံမှန်ကစားနေသူများဖြစ်သည်ဟုသိရပါသည်။ Market Myanmar အနေဖြင့် Fantasy King ဂိမ်းကစားသူအဖွဲ့ပိုမိုကြီးထွားရန်နှင့် အသုံးပြုသူ ဦးရေ ၁၀၀၀၀ ရှိလာဖို့ရည်မှန်းထားကြောင်းလည်း သိရသည်။

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.