၂၉ နှစ်အရွယ်ကစပြီး အမျိုးသမီးတွေဟာ သူတို့ ရုပ်ရည်သွင်ပြင်ကို စတင်စိုးရိမ်လာ

20s-main_2887081a.jpg
အမျိုးသမီးတွေဟာ အသက် ၂၉ နှစ်အရွယ်ရောက်တဲ့အခါ သူတို့ကိုယ်သူတို့ အသားအရေ တွန့်တာမျိုးတွေ ရှိလာတာကြောင့် အိုမင်းရင့်ရော်ပြီး ရုပ်ရည် အိုစာလာသလို ခံစားရကြောင်း အမျိုးသမီး ၃ပုံ ၂ပုံ က ယူဆကြတယ်လို့ လေ့လာမှုအသစ်အရ သိရပါတယ်။  အသက် ၃၀ သို့ ချဉ်းကပ်ရောက်လာတဲ့အခါ အမျိုးသမီးများအတွက် အကြီးမားဆုံး စိုးရိမ်မှု သုံးခုက ဆံပင်ဖြူခြင်း၊ အသားရေတွန့်ခြင်းနဲ့ မျက်ထောင့်ရှိ အတွန့်အခေါက်အကြောင်းတွေပဲ ဖြစ်ပါတယ်။ 
 
ဒါပေမယ့် အိုမင်းရင့်ရော်မှုဖြစ်စဉ်အပေါ် ကြောက်လန့်မှုတွေကတော့ ၃၅ နှစ်ရောက်တဲ့အထိ အမျိုးသားတွေကို ဒုက္ခ မပေးပါဘူး။  သူတို့အလေးထားဆုံးအရာထဲမှာ ရင်သား၊ ဆံပင်ပါးခြင်းနဲ့ မေးနှစ်ထပ်ဖြစ်ခြင်းတို့ ပါဝင်ပါတယ်။ 
ဒီရလဒ်အဖြေကို လူ ၁၀၀၀ ထံ စစ်တမ်းကောက်ယူမှုကနေ ဖော်ထုတ်ခဲ့ခြင်းဖြစ်ပါတယ်။ 
 
အံ့သြစရာကောင်းတာက အမျိုးသမီး ၆ ဦးမှာ ၁ ဦးက ၂၁ နှစ်အရွယ်ရောက်တဲ့အချိန်မှာ အသက်အရမ်းကြီးနေပြီလို့ စတင် စိုးရိမ်ကြပါတယ်။  ၇ ယောက်မှာ ၁ ယောက်က ၂၅ နှစ်အရွယ်မှာတင် ရုပ်ရည်ကျနေပြီလို့ ပူပန်စိတ် ဖြစ်လာကြပါတယ်။ အဲဒီသောကဟာ ၂၉ နှစ်အရွယ်မှာ အထွတ်အထိပ်ရောက်ရှိတယ်လို့ ဆိုပါတယ်။  အသက် ၃၀ ပြည့်ခြင်းက ဘက်ပေါင်းစုံမှာ ကျဆုံးနေသလို စိတ်ခံစားမှု ဖြစ်အောင် လုပ်ဆောင်ပေးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ အမျိုးသမီး ၄၂% ဟာ အဲဒီအရွယ်ရောက်တဲ့အခါ မိမိကိုယ်ကိုယ် ယုံကြည်မှု ပိုနည်းလာကြပါတယ်။ 
 
ဗြိတိန်နိုင်ငံက ပူပူနွေးနွေးမိခင်တွေရဲ့ ပျှမ်းမျှအသက်အရွယ်နဲ့ သတို့သမီးလောင်းများအတွက် လူသိအများဆုံး အသက်အရွယ်ဟာ ၃၀ ဖြစ်ပါတယ်။  အမျိုးသား ၅% ကသာ ၂၅ နှစ်ရောက်တဲ့အခါ ရုပ်ရည်ကို စိုးရိမ်ကြပါတယ်။ 
ဒီကိန်းဂဏန်းက ၃၀ အရွယ်မှာ ၂၂% တက်ပါတယ်။  အမျိုသမီးများရဲ့ အိုမင်းရင့်ရော်မှုဆိုင်ရာ စိုးရိမ်မှု အများဆုံး ၅ ချက် ကတော့ 
၁။ ဆံပင်ဖြူခြင်း 
၂။ ပါးရေတွန့်ခြင်း 
၃။ မျက်ထောင့် အတွန့်အကြောင်း 
၎။ မှေးနှစ်ထပ်ဖြစ်ခြင်း 
၅။ bingo wings တို့ပါ။
 
အမျိုးသားများရဲ့ အသက်ကြီးရင်မှုဆိုင်ရာ အကြောက်ဆုံး ၅ ချက်ကတော့ 
၁။ ရင်သား 
၂။ ဆံပင်ပါးခြင်း 
၃။ မှေးနှစ်ထပ်ဖြစ်ခြင်း 
၎။ ဘီယာဗိုက်
၅။ ဆံပင်ဖြူခြင်း တို့ ဖြစ်တယ်လို့ သိရပါတယ်။
 
 
Ref:thesun.co.uk
 
 
 
 
 
 
 
 
 
 
 
 
 
 
88 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.