ကားနဲ့ စက်ရုံစွန့်ထုတ်ပစ္စည်းများကြောင့်ဖြစ်တဲ့ လေထုညစ်ညမ်းမှုကြောင့် ကလေးအသေမွေးနိုင်ခြေအန္တရာယ်ပိုများဟု သုတေသီများသတိပေး

pregnant-woman-holding-her-baby-bump.jpg
လေထုညစ်ညမ်းမှုက ကလေးအသေမွေးခြင်းအန္တရာယ် မြင့်တက်စေနိုင်ကြောင်း ကားနဲ့ စက်ရုံစွန့်ပစ်ပစ္စည်း ပိုမိုတင်းကျပ်စွာ ထိန်းချုပ်ရေး တောင်းဆိုခဲ့တဲ့ သုတေသီများက ဆိုပါတယ်။ လေထုညစ်ညစ်စေတဲ့အရာထဲမှာ အမှုန်၊ ဆာလ်ဖာဒိုင်အောက်ဆိုဒ်၊ အိုဇုန်းနဲ့ ကာဗွန်မွန်အောက်ဆိုဒ်တို့ ပါဝင်ပါတယ်။ 
 
ကိုယ်ဝန်ဆောင်ကာလ ၂၄ ပတ်ကြာပြီးနောက် သေဆုံးခြင်း၊ အသေမွေးခြင်းက မွေးဖွားမှု ၂၀၀ မှာ တစ်ယောက် ဖြစ်ပါတယ်။  ယူကေနိုင်ငံမှာ နေ့တိုင်း ကလေး ၁၁ ယောက် ဝန်းကျင် အသေမွေးပါတယ်။ တစ်နှစ်ဆိုရင် ၃,၆၀၀ ဝန်းကျင်ရှိပါတယ်။  လေထုညစ်ညမ်းမှု အန္တရာယ်လျော့နည်းစေရန် ကားအိပ်ဇောမီးခိုးများနဲ့ စက်ရုံစွန့်ထုတ်ပစ္စည်းများ ပိုမိုတင်းကြပ်စွာ ထိန်းချုပ်ရေး သုတေသီများ တောင်းဆိုခဲ့ကြပါတယ်။ 
 
လေထုညစ်ညမ်းတဲ့ ပတ်ဝန်းကျင်နဲ့ ထိတွေ့နေခြင်းက ကလေးအသေမွေးဖွားမှု အန္တရာယ် မြင့်တက်စေကြောင်း လေ့လာမှုအပြီး သုံးသပ်ကောက်ချက်ချခဲ့ပါတယ်။ ယင်းအန္တရာယ်မှာ အထူးသဖြင့် ကိုယ်ဝန်ဆောင်ချိန် တတိယ ၃ လအပိုင်းအခြားကာလအတွင်း မြင့်တက်ခဲ့ကြောင်း သုတေသီများ ရှာဖွေတွေ့ရှိခဲ့ပါတယ်။ 
 
ကိုယ်ဝန်သည်မိခင်များအနေနဲ့ လည်း လေထုညစ်ညမ်းတဲ့ ဝန်းကျင်ရဲ့ မကောင်းတဲ့ အကျိုးသက်ရောက်မှုတွေအကြောင်း သိထားသင့်ပါတယ်။ 
 
Ref:mirror.co.uk
 
 
 
 
 
 
 
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.