ကိုရီးယားမင်းသမီးချောတို့ ညဘက်ထွက်လည်တဲ့အခါ

b_48.png

          သူမတို့ ညဘက်ထွက်လည်တဲ့အခါ အရမ်းလှနေတာ ဘာကြောင့်များပါလိမ့်။ ဒါတွေကတော့ သူမတို့ ရွေးချယ်ထားတဲ့ လျှို့ဝှက်ချက်တွေပေါ့။

          ညဘက် date လုပ်တဲ့အခါ အောက်ခံ မိတ်ကပ်တွေ အရမ်းမသုံးပါနဲ့တဲ့။ အဓိကကတော့ မျက်လုံးပါပဲ။ မျက်တောင်တွေကို မျက်တောင်ကော့ဆေး သုံးပေးလိုက်တဲ့အခါ မျက်လုံးတွေပိုပြီး ၀ိုင်းသွားသယောင် ထင်ရပါတယ်။ ပြီးတော့ ရေစိုခံအိုင်းလိုင်နာဆွဲ ခဲတံနဲ့ ခပ်ပါးပါးလေး ဘောင်ခတ်လိုက်ပါ။

          မျက်လုံးတွေပြီးရင်တော့ နှုတ်ခမ်းတွေဟာ ပန်းရောင်ဖျော့ (သို့) လိမ္မော်ရောင်လေးနဲ့ လိုက်ဖက်ပါတယ်။ နှုတ်ခမ်းဆိုးအပြီးမှာ lip gloss လေးနဲ့ မိတ်ကပ်လိမ်းချယ်ခြင်းကို ပြီးပြည့်စုံအောင် အနားသတ်ပေးပါ။ ပါးရိုးနားတ၀ိုက်ကိုတော့ ပါးနီဖျော့ဖျော့လေး ပွတ်ပေးပေါ့။ အရမ်းတော့ မများစေနဲ့နော်။

ဒီပြင်ဆင်နည်း အဆင့်ဆင့်အတွက် အသုံးများတဲ့ ပစ္စည်းတွေကတော့ –

–      Coreana Essence Lip Collection Season Orange

–      Lavida Glam 3 Extreme Soft

–      Make up for ever Smoky Extravagant Mascara

–      Guerlain Parure de Lumiere SPF 25 PA+++

–      Giorgio Armani Waterproof Eye Pencil

–      MAC Devine Night Mineralize Skin Finish

ဒီအမျိုးအစားတွေထဲကမှ ကိုယ်နဲ့ကိုက်ညီမယ့် နီးစပ်ရာ အရောင်အသွေး၊ သုံးနေကျ ထုတ်ကုန်တံဆိပ် တွေကို ပြောင်းလဲသုံးစွဲနိုင်ပါတယ်။

Ref:herworldplus

 

 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.