ကော်ဖီက အင်မတန် အငြင်းပွားစရာကောင်းတဲ့ သောက်စရာတစ်မျိုး ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သောက်ဖွယ်ရာ ဒါမှမဟုတ် စွဲလန်းစေတဲ့ အရာတစ်ခုလည်း ဖြစ်ပါတယ်။ ကော်ဖီဟာ တကယ်နားလည်ရခက်ခဲပြီး စိတ်နိုးကြွစေတဲ့ ဇီဝဒြပ်ပေါင်းတွေ ပါဝင်တဲ့ သောက်ဖွယ်ရာတစ်ခုဖြစ်ပါတယ်။ ဒါ့ပြင် သူဟာ တစ်ခုတည်းသော အကြီးမားဆုံး အင်တီအောက်ဆီဒင်း ရင်းမြစ်ကြီးလည်း ဖြစ်ပါတယ်။
ကော်ဖီဟာ ကျန်းမာရေးအကျိုးကျေးဇူးပေါင်းစုံနဲ့ ဆက်နွယ်နေကြောင်း လေ့လာမှုများ အရသိရပါတယ်။ ဆီးချို၊ နှလုံးရောဂါ၊ ဦးနှောက်ထိခိုက် ဒဏ်ရာရမှု၊ အသည်းကင်ဆာနဲ့ ဦးနှောက်သွေးကြောပျက်မှု အန္တရာယ် လျော့နည်းစေပါတယ်။ ကော်ဖီအတွင်း ကဖိန်းပါဝင်မှုက ဇီဝဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေပြီး ကိုယ်အလေးချိန်လည်း ကျစေပါတယ်။ ဒါပေမယ့် သူ့ရဲ့ ကဖိန်းဓာတ်ပါဝင်မှုကြောင့် သောက်သုံးနိုင်တဲ့ ကော်ဖီပမာဏ သို့မဟုတ် ကဖိန်းဓာတ်ပမာဏ အကန့်အသတ် ရှိပါတယ်။
ကဖိန်းဓာတ်က စိတ်ကိုနိုးကြားတက်ကြွစေတဲ့ အရာတစ်ခု ဖြစ်သည်နဲ့အညီ စိတ်နိုးကြားအောင် ကမ္ဘာမှာ စားသုံးမှု အများဆုံးဝတ္ထုပစ္စည်း ဖြစ်ပါတယ်။ ကော်ဖီတစ်ခွက်မှာ ကဖိန်းဓာတ်ပါဝင်မှုပမာဏ ကွဲပြားပါတယ်။ သို့ပေမယ့် တစ်ခွက်မှာ 50 – 400 နဲ့ထက် ရှိပါတယ်။ ကော်ဖီခွက်သေး တစ်ခွက်မှာ 50mg ပါဝင်နိုင်ပါတယ်။ ၁၆ အောင်စ Starbuck ကော်ဖီခွက်ကြီးမှာ 300mg ပါဝင်နိုင်ပါတယ်။
၈ အောင်စဆန့် ပျှမ်းမျှကော်ဖီခွက်မှာ ကဖိန်းဓာတ် 100mg ဝန်းကျင် ပါဝင်နိုင်ပါတယ်။ ကဖိန်းဓာတ် 400mg သို့မဟုတ် ကော်ဖီ ၄ ခွက်က အရွယ်ရောက်ကျန်းမာနေသူ အများစုအတွက် ဘေးအန္တရာယ်ကင်းရှင်းတယ်လို့ လေ့လာမှုတချို့က ဖော်ပြထားပါတယ်။ ကော်ဖီအပြင် တခြားသော ကဖိန်းဓာတ်ပါဝင်တဲ့ အရင်းအမြစ်ရှိကြောင်းလည်း သတိပြုပါ။ အချိုရည်၊ လက်ဖက်ရည်၊ ချောကလက်စတာတွေ ပါဝင်ပါတယ်။
Ref: 1mhealthtips
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။