ကလေးတစ်ယောက်ကို ကယ်တင်ဖို့ ဂေါ်ရီလာ မျောက်ဝံ တစ်ကောင်ကို ပစ်သတ်ခဲ့ရ

elite-daily-gorilla.jpg
အသက် ၄ နှစ်အရွယ် ကလေး တစ်ယောက်ဟာ ပေါင်၄၀၀ အရွယ်အစားရှိတဲ့ ဂေါ်ရီလာမျောက်ဝံ တစ်ကောင်နဲ့ မျက်နှာချင်းဆိုင် ကြုံတွေ့ခဲ့ရပေမယ့် သေဆုံးခဲ့ခြင်း မရှိခဲ့ပါဘူး။ ဒါပေမယ့် ဂေါ်ရီလာ အတွက်တော့ သေသလား ရှင်သလား မပြောနိုင်တဲ့ အခြေအနေမျိုးကို ရောက်နေတယ်လို့လည်း သိရပါတယ်။ ပြီးခဲ့တဲ့ စနေနေ့တုန်းက အိုဟိုင်းယို ပြည်နယ်မှာရှိတဲ့ Cincinnato တိရိစ္ဆာန်ရုံနဲ့ ရုက္ခဗေဒ ဥယျာဉ် အတွင်းမှာ ကလေးငယ်တစ်ယောက် ဟာ အသက်၁၇ နှစ်အရွယ် ဂေါ်ရီလာမျောက်ဝံ အထီး တစ်ကောင်ရှိရာ ပြုတ်ကျသွားခဲ့တယ်လို့ ABC သတင်းဌာနက ဖော်ပြထားပါတယ်။
 
ထို ကလေးဟာ ၁၂ ပေခန့်မြင့်တဲ့ မျောက်ဝံ နေရာအတွင်း ပြုတ်ကျသွားတဲ့နောက်မှာ ဂေါ်ရီလာ မျောက်ဝံက ထိုကလေးကို မချီပြီး အကြမ်းဖက်စွာ သယ်ဆောင်သွားခဲ့တယ်လို့ သတင်းတွေက ဖော်ပြထားပါတယ်။ အဲဒီအခါမှာ တိရိစ္ဆာန်ရုံ ၀န်ထမ်းတစ်ယောက်က Harambe လို့အမည်ရတဲ့ ဂေါ်ရီလာ မျောက်ဝံ ကို သေနတ်နဲ့ ပစ်သတ်ခဲ့ရပါတယ်။  ထိုမျောက်ဝံရဲ့  ခြေထောက်တွေကြားရောက်နေတဲ့ ကလေးငယ်ကိုတော့ မီးသတ်သမား ၂ ယောက်က မျောက်ဝံ ကွင်းထဲ ဆင်းသက်ပြီး ကယ်တင်ခဲ့တယ်လို့ သိရပါတယ်။ ထို ၄ နှစ်အရွယ် ကလေးငယ်ကတော့ ပြင်းထန်တဲ့ နာကျင်မှုတွေနဲ့ ဆေးရုံ တင်ထားရတယ်လို့ သိရပြီး အသက် အန္တရာယ်တော့ မရှိဘူးလို့ သတင်းတွေက ဖော်ပြထားပါတယ်။
 
ဒီကိစ္စနဲ့ ပတ်သက်ပြီး လူတစ်ချို့ကတော့ ဂေါ်ရီလာ မျောက်ဝံကို သတ်ပစ်ဖို့ ဆုံးဖြတ်ခဲ့တဲ့အပေါ် ဒေါသထွက် နေကြပါတယ်။ သူတို့ဘက်က ပြောဆိုလာကြတာကတော့ ထို အခြေအနေဟာ ဂေါ်ရီလာ မျောက်ဝံရဲ့  အပြစ် မဟုတ် တဲ့အတွက် သူ့ကို ပစ်သတ် ဖို့ မလိုအပ်ဘူးလို့ ဆိုကြတာပဲ ဖြစ်ပါတယ်။ ထိုတိရိစ္ဆာန်ရုံရဲ့  ဒါရိုက်တာ ဖြစ်သူ Thane Maynard ကတော့ ကလေးငယ်ရဲ့  လုံခြုံဘေးကင်းရေးအတွက် မျောက်ဝံကို သတ်ပစ်ဖို့ လိုအပ်တယ်လို့ ဆိုလာပါတယ်။
“သူတို့ဟာ ခက်ခဲတဲ့ ရွေးချယ်မှုကို ပြုလုပ်ခဲ့ရတယ်။ ပြီးတော့ သူတို့မှန်ကန်တဲ့ ရွေးချယ်မှုကို ပြုလုပ်နိုင်ခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ ကလေးငယ်ရဲ့  အသက်ကို ကယ်တင်နိုင်ခဲ့တယ်။ ဒါဟာတော်တော်ခက်ခဲ ခဲ့နိုင်ပါတယ်။ ရွေးချယ်ခွင့်ကတော့ လက်လွှတ်လိုက်ဖို့ (သို့မဟုတ်) ပစ်သတ်ဖို့ပါပဲ။အဲဒီတော့ Harambe မျောက်ဝံကိုတော့ ဆုံးရှုံးခဲ့ရပါတယ်။ Cincinnati တိရိစ္ဆာန် ရုံမှာတော့ ဒီလို အခြေအနေမျိုးတွေ တစ်ခါမှ မဖြစ်ခဲ့ဖူးပါဘူး။ ဒါပေမယ့် ဒါဟာ တိရိစ္ဆာန်ရုံ မိသားစုတွေအတွက် ကြီးမားတဲ့ ဆုံးရှုံးမှု တစ်ခုဖြစ်သလို ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ ဂေါ်ရီလာ မျိုးဆက်အတွက်လည်း ကြီးမားတဲ့ ဆုံးရှုံးမှု တစ်ခုဖြစ်ခဲ့ရပါတယ်။” လို့ ဆိုပါတယ်။
 
ထို မျောက်ဝံကို မေ့ဆေး သေနတ်နဲ့ ပစ်မယ်ဆိုရင်လည်း မျောက်ဝံဟာ မေ့ဆေး သေနတ် ထိထိချင်းမှာ ချက်ချင်း ဒေါသထွက်သွားပြီး မေ့ဆေး သက်ရောက်မှု မရှိလာခင်မှာပဲ ကလေးငယ်ကို အန္တရာယ်ပြုလိုက် နိုင်တာကြောင့် မေ့ဆေးသေနတ်ကို မသုံးခဲ့ခြင်းဖြစ်တယ်လို့လည်း ထိုတိရိစ္ဆာန်ရုံရဲ့  ဒါရိုက်တာ က ထည့်သွင်းပြောပြခဲ့ပါတယ်။
 
Ref:elitedaily
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.