ရေပူ၊ ရေအေးဖြင့် ရေမိုးချိုးခြင်းရဲ့ ကောင်းကျိုးအဖြာဖြာ

woman-standing-shower.jpg

ရေမိုးချိုးခြင်းဟာ မရှိမဖြစ် ပုံမှန်ကျန်းမာရေးဆိုင်ရာ လုပ်ရိုးလုပ်စဉ်တစ်ခု ဖြစ်ပါတယ်။ အပူချိန်ပေါ်မူတည်ပြီး ရေမိုးချိုးရာမှာ အကျိုးကျေးဇူးအမျိုးမျိုး ရနိုင်ပါတယ်။ ရေပူပဲကြိုက်ကြိုက်၊ ရေအေး ပိုသဘောကျတာပဲဖြစ်ဖြစ် ရေချိုးခြင်းဖြင့် ကျန်းမာရေးကို ဘယ်လို အကျိုးသက်ရောက်စေနိုင်လဲ လေ့လာကြမယ်။

ရေနွေးဖြင့် ရေချိုးခြင်း

ရေနွေးနဲ့ ရေချိုးတာ စိတ်ပင်ပန်းမှု လျော့နည်းသက်သာစေပြီး မာတောင့်နေတဲ့ ကြွက်သားတွေ ဖြေလျှော့ပေးပါတယ်။ ရေပန်း  အားကောင်းကောင်းလေးရှိပါက ပိုတောင်ကောင်းပါတယ်။ ပခုံး၊ လည်ပင်းနဲ့ ကျောကုန်းပေါ် ရေပူကို နှိပ်နယ်ပေးသလို ဖြစ်စေပါ။ ရေပူက သင့် oxytocin ပမာဏမြင့်တက်စေပြီး စိုးရိမ်သောက လျော့နည်းသက်သာစေပြီး စိတ်ဖိစီးမှုနဲ့ အလုပ်လုပ်သူအားလုံး လိင်မှုကိစ္စဟော်မုန်း ပိုအသုံးပြုစေနိုင်ပါတယ်။

အပူငွေ့က နှာတံလမ်းကြောင်း အစိုဓာတ်ရစေတာကြောင့် ရေပူဖြင့် ချိုးတာဟာ သဘာဝ ရင်ကျပ်ပျောက်ဆေးကဲ့သို့ အကျိုးရှိပါတယ်။

ရေအေးဖြင့် ရေချိုးခြင်း

ရေအေးဖြင့် ရေမိုးချိုးခြင်းက ခန္ဓာကိုယ်အတွက် အမှန်တကယ်ကောင်းမွန်ပါတယ်။ အားအင်ကုန်ခမ်းမှု လျော့နည်းသက်သာစေပြီး စိတ်နိုးကြားမှု ပိုဖြစ်စေပါတယ်။ ၆၈ ဒီဂရီဝန်းကျင် ရေအေး ရေပန်းဖြင့် ၂ မိနစ်ကနေ ၃ မိနစ်ထိ တစ်နေ့ ၁ ကြိမ် ၂ ကြိမ်ချိုးပေးတာ စိတ်ဖိစီးမှု ကုထုံးတစ်ခုအဖြစ် သုတေသီများမှ ထောက်ခံချက်ပေးထားပါတယ်။

ရေအေးက ဆံပင်နဲ့ အရေပြားအတွက် ပိုကောင်းပါတယ်။ ရေနွေးက အသားရေ ခြောက်သွေ့မှုဖြစ်စေပြီး ရေအေးဖြင့် ရေချိုးခြင်းကတော့ အစိုဓာတ်ရစေကာ ဆံပင်အဖျားနှစ်ခွကွဲခြင်း ကင်းဝေးစေပါတယ်။

Ref: Popsugar

96 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.