၂၀၁၆ ထဲမှာ ကားကြီးအနေနဲ့ ၈ကားရိုက်ကူးထားပြီး ဗီဒီယိုအနေနဲ့လဲ အဆက်မပြတ်ရိုက်ကူးနေသူလေးကတော့ နန်းဆုဦးပဲဖြစ်ပါတယ်။ လက်ရှိမှာ ထုတ်လွှင့်နေပြီဖြစ်တဲ့ မကြာသေးခင်ကမှ ရိုက်ကူးထားတဲ့ Charm ဇာတ်ကားလေးနဲ့ပတ်သက်ပြီး Charm ဇာတ်လမ်းတွဲကို အမြဲ ကြည့်ရှုအားပေးနေတဲ့ ဇာတ်လမ်းတွဲ ပရိသတ်များကို ကျေးဇူးတင်ကြောင်းပြောပြလာသလို သူမရိုက်ကူးခဲ့တဲ့ ကားကြီးများအကြောင်း၊ ဗီဒီယိုကားများအကြောင်းနဲ့ ဆက်ရိုက်သွားမဲ့ သူမရဲ့ အနုပညာလှုပ်ရှားမှုများနဲ့ပတ်သက်ပြီး ပြောပြလာတဲ့အခါ
"အနန္တ ကားကြီးကတော့ ညီမတို့ရိုက်ခဲ့တာ ၆ လ၊ ၇လလောက်ကြာခဲ့တယ်။ အမှတ်တရတွေလဲ အများကြီးရှိခဲ့တယ်။ နေပူပြီး ၀တ်တဲ့ အ၀တ်အစားတွေက လည်သာတွေဝတ်ရတဲ့အခါကျတော့ onsene မှာ နန်းဆုတော့မဟုတ်ဘူး။ တခြား သရုပ်ဆောင်တွေ မူးလဲတာတို့ဘာတို့အများကြီးရှိခဲ့တယ်။ ဦးညိုနဲ့ကတော့ အမှတ်တရတွေ အများကြီးရှိပါတယ်။ ဦးညိုက နန်းဆုရဲ့ ဆရာတစ်ယောက်လဲဖြစ်တယ်။ ဦးညိုကိုယုံကြည်တဲ့စိတ်နဲ့ပဲ လက်ခံဖြစ်ခဲ့တာပါ"လို့ သူမက ပြောပြပါတယ်။
လက်ရှိမှာ ထုတ်လွှင့်ပြသနေပြီဖြစ်တဲ့ Charm ဇာတ်လမ်းတွဲနဲ့ပတ်သက်ပြီးတော့လဲ သူက "ကိုယ်ပါဝင်ပြီး ရိုက်ကူးခဲ့တဲ့ ဇာတ်လမ်းတွဲလေး ပဲဖြစ်ဖြစ်၊ ဗီဒီယိုကားပဲဖြစ်ဖြစ် ရုပ်ရှင်ကားပဲဖြစ်ဖြစ် ပရိသတ်တွေ အားပေးတယ်ဆိုတာ သိရတော့ အတိုင်းအထက်လွန်ဝမ်းသာပါတယ်။ ပြီးတာ့ ဒီကားက အဓိက ကမင်းသားတွေပေါ့။ အဆိုတော်ဖက်က မင်းသားအသစ်တွေဖြစ်တဲ့အတွက် ပရိသတ်တွေ အားပေးတော့ဝမ်းသာပါတယ်။ သူတို့ရဲ့ ပထမဆုံး ဇာတ်လမ်းတွဲလေးပေါ့"တဲ့။
ခုနောက်ပိုင်း သူမဟာ ဗီဒီယိုထက်ရုပ်ရှင်ကားကြီးကို ပိုမိုရိုက်ကူးလာခဲ့သူပါ။ ဒီတော့ အဲ့ဒီအကြောင်း မေးမြန်းကြည့်ဖြစ်တဲ့အခါ "ကားကြီးက ၂၀၁၆ ထဲမှာဆို နန်းဆုရိုက်ထားတာ ၈ကားရှိပြီ။ ရုပ်ရှင်ကားကြီးကျတော့ အချိန်ပိုပေးရတယ်။ ကွာလတီကို ပိုဦးစားပေးရတယ်။ အကုန်အကျ ပိုများတယ်။ ဒါပေမဲ့ ပရိသတ်တွေလက်ထဲကိုရောက်တာနှေးတယ်။ ဗီဒီယိုကျတော့ ရိုက်ရင်ပိုမြန်တယ်။ ပို Update ဖြစ်တယ်။ အဲ့ဒီလိုလေးတော့ ကွာတယ်။ နောက်တစ်ခုက အခုက တန်းစီစနစ်ဆိုတော့ ကားကြီးကတော့ တင်ဖို့ အချိန်စောင့်ရတယ်ပေါ့။ ၃ နှစ်လောက်စောင့်ရမယ်ဆိုရင်တော့ ဖက်ရှင်ပိုင်းနဲ့ပတ်သက်ပြီး နန်းဆုတို့လဲ မတတ်နိုင်ဘူးပေါ့။ အခုလောလောဆယ် ရိုက်သမျှကတော့ ရှေ့ကို ကြိုမှန်းပြီးတော့ပြင်ဆင်ခဲ့တာကြီးပဲ။ ဒါပေမဲ့ နောင်သုံးနှစ် ရုံတင်မဲ့အချိန်မှာခေတ်စားမဲ့ ဖက်ရှင်နဲ့အခုမှန်းပြီးဝတ်ထားတဲ့ ဖက်ရှင်တွေက တစ်ထပ်တည်းကျချင်မှလဲ ကျမယ်ပေါ့နော်။ အဲ့ဒီလိုအခက်အခဲလေးတော့ရှိပါတယ်။"လို့ သူမက ပြောပြသွားပါတယ်။
ဆက်ရိုက်သွားမဲ့ ဇာတ်ကားတွေနဲ့ပတ်သက်ပြီးတော့လဲ နန်းဆုက "အခုဆို အနုပညာသက်တမ်းက ၂ နှစ်ခွဲဆိုတော့ နည်းပါသေးတယ်။ အတွေ့အကြုံလဲမစုံသေးသလို ကာရိုက်တာတွေလဲမဆုံသေးပါဘူး။ နန်းဆုရိုက်ထားပြီးသားတွေနဲ့မတူတဲ့ရသတွေကိုလဲ ပရိသတ်တွေကိုပေးချင်တယ်။ ကြိုးစားပြီးတော့လုပ်သွားချင်တယ်။ ဒါပေမဲ့လွဲသွားတာတွေရှိရင်လဲ နားလည်ပေးပါ" လို့ပြောပြခဲ့သလို သူမရဲ့ လက်ရှိအချစ်ရေးက Single ပါပဲတဲ့။