အာကာသထဲကို ဗီဒီယိုဖုန်း ခေါ်ဆိုပြီး Facebook Live အစီအစဉ်ကတဆင့် တိုက်ရိုက် ပြသမယ့် မတ်ခ်ဇူကာဘက်

cjhy8e8uuaelqjg.jpg
Facebook Live ဆိုတဲ့ အစီအစဉ် ကို စတင်ခဲ့ပြီးကတည်းက လူစိတ်ဝင်စားခံရသူတွေနဲ့ တွေ့ဆုံပြီး တိုက်ရိုက်ထုတ်လွှင့်ဖို့ ကြိုးစားခဲ့တဲ့ Facebook ရဲ့ တည်ထောင်သူ Mark Zuckerberg ဟာ လက်ရှိ အပြည်ပြည်ဆိုင်ရာ အာကာသ စခန်းမှာ နေထိုင်အလုပ်လုပ်နေတဲ့ အာကာသ ပညာရှင် ၃ ဦးနဲ့ ဇွန်လ တစ်ရက်နေ့မှာ ခေါ်ဆို စကားပြောမှာ ဖြစ်တယ်လို့ NASA က သတင်းထုတ်ပြန်ထားပါတယ်။
 
ထို ကမ္ဘာမြေမှ အာကာသ သို့ ဖုန်းခေါ်ဆိုမှုဟာ NASA ရဲ့  Facebook စာမျက်နှာမှာ တိုက်ရိုက် Live ပြသမှု အဖြစ် Stream ပြုလုပ်နေမှာ ဖြစ်ပြီး အခြား Facebook သုံးစွဲသူတွေဟာလည်း မေးလိုတဲ့ မေးခွန်းတွေ ထည့်သွင်းရေးသားနိုင်မှာ ဖြစ်ပါတယ်။ NASA ရဲ့  အာကာသ ပညာရှင် ၃ ဦးကတော့ Tim Kopra ၊ Jeff Williams နဲ့ ဥရောပ အာကာသ အဖွဲ့အစည်းက Tim Peake တို့ပဲ ဖြစ်ပါတယ်။ သူတို့နဲ့ ၂၀ မိနစ်ကြာ Facebook Live အစီအစဉ်အရ ဗီဒီယို ခေါ်ဆိုမှု ပြုလုပ်တဲ့အခါမှာ Mark Zuckerberg ဟာ Facebook သုံးစွဲသူတွေရဲ့  မေးမြန်းမှုတွေကိုပဲ တစ်ဆင့် ပြန်လည် မေးမြန်းမှု ပြုလုပ်ပေးမှာ ဖြစ်တယ်လို့ ဆိုထားပါတယ်။
 
အပြည်ပြည်ဆိုင်ရာ အာကာသ စခန်းဆိုတာဟာ အနုစိတ် ဆွဲငင်အား နဲ့ ပတ်သက်ပြီး သုတေသန ပြုလုပ်နေတဲ့ ကမ္ဘာ့ပထမဆုံး အာကာသ စမ်းသပ်ခန်းတစ်ခုဖြစ်သလို မားစ်ဂြိုလ်နဲ့ ဂြိုလ်သိမ်ဂြိုလ်မွှား တွေ အပါအ၀င် ကမ္ဘာကြီးရဲ့  အနိမ့်ဆုံး ပတ်လမ်း အပြင်ဘက်မှာရှိနေတဲ့ အာကာသ ထဲက လူသားတွေနဲ့ အခြား သက်ရှိတွေရဲ့  ဖြစ်တည်မှုတွေကို စမ်းသပ်လေ့လာနေတဲ့ အာကာသ စခန်းတစ်ခုလည်း ဖြစ်ပါတယ်။
 
ကမ္ဘာပေါ်မှာ သုံးစွဲသူအများဆုံး လူမှု ကွန်ယက် ဖြစ်တဲ့ Facebook ကတော့ ဒီလ အစောပိုင်းကတည်းက Live Video ဆိုတဲ့ လုပ်ဆောင်ချက်ကို စတင်ခဲ့ပြီး သင်စိတ်ဝင်စားတဲ့ အကြောင်းအရာ တစ်ခုခုသို့မဟုတ် ၊ သူငယ်ချင်းတစ်ယောက်ယောက် ဆီမှာ ဘာတွေဖြစ်နေတယ်ဆိုတာကို Window တစ်ခုအတွင်းမှာ တိုက်ရိုက်ပြသ ခြင်းပဲ ဖြစ်ပါတယ်။ ထို လုပ်ဆောင်ချက်ဟာ တစ်ကမ္ဘာလုံးကို တစ်ဖြည်းဖြည်း စတင်ခွင့်ပေးနေပါပြီ။ ထိုလုပ်ဆောင်ချက်ကို ရယူဖို့အတွက်တော့ သင့်ရဲ့   Facebook Timeline ဘယ်ဘက်မှာ ပြသထားတဲ့ Live Video ဆိုတဲ့ အက်ပလီကေးရှင်း ကို စမ်းသပ်သုံးစွဲကြည့်ဖို့တော့ လိုအပ်ပါလိမ့်မယ်။
 
Ref:gadgets.ndtv
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.