အဆိုတော် တစ်ယောက်ရဲ့  ဖန်တီးမှုကို ခိုးယူသုံးစွဲထားလို့ ဂျက်စတင်ဘီဘာ တရားစွဲခံရ

justin-bieber-800x400.jpg
ဆယ်ကျော်သက် ကောင်မလေးတွေရဲ့  အသည်းစွဲ အဆိုတော်ကောင်လေး ဂျက်စတင်ဘီဘာ တစ်ယောက် အခြား အဆိုတော်တစ်ယောက်ရဲ့  ဖန်တီးမှုကို ခိုးယူသုံးစွဲထားတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အတူ တရားစွဲဆိုခံထားရတယ်လို့ သိရပါတယ်။ ကနေဒါဖွား ပေါ့ပ် အဆိုတော် ဂျက်စတင်ဘီဘာ ဟာ အခြား အနုပညာရှင်တစ်ယောက်ရဲ့  သီချင်းထဲက သီဆိုထားတဲ့ အသံ(Vocal) တစ်ချို့ကို ထိုအနုပညာရှင် ရဲ့  ခွင့်ပြုချက်မပါပဲ ဖြတ်တောက်ယူငင် သုံးစွဲထားတဲ့အတွက် အမှုရင်ဆိုင်နေရတာပါ။
 
ထို တရားစွဲဆိုမှု ပြုလုပ်ခဲ့တဲ့ အဆိုတော်ကတော့ White Hinterland ဆိုတဲ့ တီးဝိုင်းရဲ့  အဆိုရှင် နဲ့ တေးဂီတသမား အမျိုးသမီး တစ်ဦးဖြစ်တဲ့ Casey Dienel ပဲ ဖြစ်ပါတယ်။ သူမ စွပ်စွဲပြောဆိုထားတာကတော့ သူမရဲ့  ၂၀၁၄ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ “Ring The Bell” ဆိုတဲ့ သီချင်း မှာပါဝင်တဲ့ အမျိုးသမီး သီဆိုသံ တွေကို ဂျက်စတင်ဘီဘာက သူ့ရဲ့  “Sorry” ဆိုတဲ့ သီချင်းရဲ့  အစမှာ ခိုးယူ ဖြတ်တောက်ထည့်သွင်း သုံးစွဲထားတယ်ဆိုတာပါပဲ။
 
ဂျက်စတင်ဘီဘာ ရဲ့  “Sorry” သီချင်းဟာ EDM ပညာရှင် တစ်ယောက်ဖြစ်တဲ့ Skrillex နဲ့ တွဲဖက် ဖန်တီးထားတာ ဖြစ်ပါတယ်။ စာနယ်ဇင်း တွေနဲ့ ကျွမ်းကျင်သူတွေရဲ့  ဝေဖန်ပြောကြားချက်အရတော့ အလားတူ ကိစ္စရပ်မျိုးတွေဟာ ဂီတနယ်ပယ်ထဲမှာ ဖြစ်နေကြဖြစ်ပြီး မအောင်မြင်သေးတဲ့ အဆိုတော်တွေဟာ အခြား အောင်မြင်သွားတဲ့ အဆိုတော် တွေရဲ့ အလုပ်ကို နှောင့်ယှက်ဖို့ ကြိုးစားနေတာ ထုံးစံ ဖြစ်တယ်လို့ ဆိုကြပါတယ်။
 
Ref:elitedaily
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.