သုတေသနပညာရှင်တွေ ပြောတဲ့ အိပ်ရေးအပျက်ဆုံးနဲ့ အိပ်စက်ချိန် ပိုလိုအပ်တဲ့ လူသားဟာ ဘယ်သူတွေ ဖြစ်တယ်ဆိုတာ

single_mom_7.jpg

ကမ္ဘာတစ်ဝှမ်းမှာ အိပ်ချိန်အနည်းပါးဆုံး နိုင်ငံတွေက ဘယ်နိုင်ငံတွေ ဖြစ်သလဲဆိုပြီး စားရင်းတွေ ထွက်ရှိလာချိန်မှာ အိပ်ချိန်အနည်းပါးဆုံး လူသားဟာ ဘယ်သူတွေဖြစ်တယ်ဆိုတာကိုလည်း သိပ္ပွံပညာရှင်တွေက ပြောပြသွားခဲ့ပါပြီ။ လူငယ်တွေဟာ အိပ်ချိန်နည်းပါးကြသလို ကလေးမွေးပြီးစ မိခင်တွေဟာလည်း အိပ်ချိန် အလွန်နည်းပါးကြတယ်ဆိုတာ အားလုံးခန့်မှန်းနိုင်ကြမှာပါ။ သူတို့ထက် အိပ်ချိန်နည်းပါးလွန်းတဲ့သူ ရှိနေပါသေးတယ်။ 

အဲ့ဒါကတော့ ကလေးကို လက်တွဲဖော်မပါပဲ တစ်ယောက်တည်း ပြုစုပျိုးထောင်းရတဲ့ မိခင်တွေပဲ ဖြစ်ပါတယ်။ ဒါကို ရောဂါပိုးမွှားများ ထိန်းချုပ်ရေးနဲ့ ကာကွယ်ရေး စင်တာကနေ သုတေသနပြုခဲ့တာဖြစ်ပြီး သူတို့တွေဟာ အားလုံးထင်ထားတာထက်ကို အိပ်ရေးပျက်တဲ့သူတွေပဲ ဖြစ်ပါတယ်တဲ့။ 

ဒီလေ့လာမှုမှာ ကိုယ့်ရင်သွေးကို တစ်ယောက်တည်း ပြုစုရသူ ဖခင် နဲ့ မိခင် တွေအနက် အမျိုးသမီးတွေက အိပ်ရေးပိုပျက်တဲ့အကြောင်း ထုတ်ဖော်ပြောကြားထားသလို သူတို့ဟာ အိပ်ချိန်နည်းပါးခြင်း၊ အိပ်စက်လို့မရခြင်း၊ မကြာခဏ နိုးနေခြင်း စတဲ့ ပြသနာတွေနဲ့ ရင်ဆိုင်နေကြရပါတယ်လို့လည်း ဆိုထားပါတယ်။

အဲ့ဒီသုတေသနက ရရှိခဲ့တဲ့ စာရင်းအရတော့ ကိုယ့်သားသမီးကို တစ်ယောက်တည်း ပြုစုပေးရတဲ့ မိခင်တွေအနက် အသက်၁၈နှစ်အောက် ကလေးကို ပြုစုပေးရတဲ့ မိခင် ၄၄ရာခိုင်နှုန်းဟာ  တစ်ညမှာ ၇နာရီလောက် အိပ်ဖို့ မနည်းကြိုးစားအားထုတ်နေကြရသူတွေ ဖြစ်ပါတယ်။ ဒါ့အပြင် ရင်သွေးကိုတစ်ယောက်တည်း ပြုစုပျိုးထောင်ရတဲ့ မိခင် ၂၄ရာခိုင်နှုန်းနဲ့ ဖခင် ၁၇ရာခိုင်နှုန်းတို့ဟာ တစ်ပတ်မှာ လေးကြိမ်လောက်တော့ အနည်းဆုံး အိပ်စက်ရာမှာ အိပ်မပျော်တဲ့ အခက်အခဲတွေ ကြုံနေကြရပြီး  မိခင် ၂၈ရာခိုင်နှုန်းနဲ့ ဖခင် ၁၉ရာခိုင်နှုန်းတို့ဟာ ဆို၇င်လည်း  တစ်ပတ်မှာ လေးကြိမ်ထက်မနည်း အိပ်စက်တဲ့အခါ ကြာရှည်စွာ မအိပ်စက်နိုင်တဲ့ ပြသနာတွေ ရင်ဆိုင်နေကြရပါတယ်တဲ့။

အဲ့ဒီလို ကိုယ့်သားသမီးတွေကို တစ်ယောက်တည်း ရုန်းကန်ရင်း ပြုစုပျိုးထောင်နေရသူ မိခင် ၅၂ရာခိုင်နှုန်းဟာ ညဘက်တွေမှာ ကောင်းမွန်စွာ မအိပ်စက်ရတာမို့ တစ်ပတ်လုံးလည်း ကောင်းစွာ မနားရသလို ခံစားနေကြရပါတယ်။ ဒီတော့ သူတို့ဟာ သာမာန်လူတွေထက် ကျန်းမာရေး ပိုချူချာတာ အံ့သြစရာ မဟုတ်ပါဘူး။ အိပ်စက်ချိန်နည်းပါးလွန်းသူတွေဟာ နှလုံးရောဂါနဲ့ ပတ်သက်ဆက်နွယ်တဲ့ ရောဂါတွေ ခံစားကြရပြီး၊ အဆီပိတ်တာတွေ၊ စိတ်ကျတာတွေလည်း ခံစားရတတ်ကြောင်း သုတေသီတွေက သတိပေးပြောကြားသွားပါတယ်။ 

Ref:yourtango

 

 

298 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.