တစ်နှစ်တာပြေးခုန်ပစ်အကောင်းဆုံးဆုများကို ဂျာမေကာမှ အူဆိန်းဘိုးလ်နှင့် ဖရေဇာပရိုက်စ်တို့ရရှိခဲ့

news_d2.jpg

နှစ်စဉ်ဆိုသလို ကမ္ဘာ့ပြေးခုန်ပစ်အဖွဲ့ချုပ်မှ ပေးအပ်လေ့ရှိသည့် တစ်နှစ်တာအကောင်းဆုံးအားကစားသမား ဆုများကို ဂျာမေကာနိုင်ငံမှ အမျိုးသား၊ အမျိုးသမီးအပြေးသမားနှစ်ဦးက တပြိုင်နက်ရရှိသွားကြပြီဖြစ်သည်။  ၂၀၁၃ခုနှစ်အတွက် တစ်နှစ်တာအကောင်းဆုံးအမျိုးသားအပြေးသမားဆုကို ဂျာမေကာအပြေးသမားအူဆိန်ူ ဘိုးလ်က ရရှိခဲ့သည်။ အူဆိန်းဘိုးလ်မှာ ပြီးခဲ့သည့် သြဂုတ်လအတွင်းက ရုရှားနိုင်ငံ၊ မော်စကိုမြို့တွင် ကျင်းပ ခဲ့သည့် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင်ပွဲတွင် မီတာ(၁၀၀)နှင့် မီတာ(၂၀၀) အပြေးပြိုင်ပွဲများတွင် ရွှေတံဆိပ်တစ်ခုစီ၊  မီတာ(၁၀၀) လက်ဆင့်ကမ်းအပြေးပြိုင်ပွဲတွင် ရွှေတံဆိပ်တစ်ခုရရှိခဲ့သည်။ ထို့ကြောင့် ကမ္ဘာ့ချန်ပီယံရှစ်ပြိုင် ပွဲများတွင် စုစုပေါင်းရွှေတံဆိပ်(၈)ခုနှင့် ငွေတံဆိပ်(၂)ခုအထိပိုင်ဆိုင်လာခဲ့သူ အူဆိန်းဘိုးလ်မှာ အိုလံပစ်ရွှေ တံဆိပ်ဆု(၆)ဆုနှင့် မီတာ(၁၀၀)၊(၂၀၀)ကမ္ဘာ့စံချိန်များကို တင်ထားသူဖြစ်သည်။ယခုနှစ်ရရှိမှုကြောင့် အူ ဆိန်းဘိုးလ်မှာ အကောင်းဆုံးဆုကို (၃)နှစ်ဆက်ရရှိခဲ့ခြင်းလည်းဖြစ်ပြီး လွန်ခဲ့သည့်(၆)နှစ်အတွင်း (၅)ကြိမ် ဆုရခဲ့ခြင်းဖြစ်သည်။

တစ်နိုင်ငံတည်းသူ ဖရေဇာပရိုက်စ်မှာလည်း မော်စကိုပြိုင်ပွဲမှ ရွှေတံဆိပ်များရရှိခဲ့သလို အိုလံပစ်ရွှေတံဆိပ်ဆု များလည်း ယခင်က ရယူထားသူဖြစ်ကာ (၂၆)နှစ်အရွယ် ဖရေဇာအတွက် ပထမဆုံးအကြိမ်အဖြစ် ဆုရရှိခဲ့ ခြင်းဖြစ်သည်။ ယခုကဲ့သို့ တစ်နိုင်ငံတည်းမှ အကောင်းဆုံးဆု(၂)ဆုလုံးကို သိမ်းပိုက်ခဲ့ခြင်းမှာ ဆုပေးပွဲသမိုင်း တစ်လျှောက် ဒုတိယမြောက်အကြိမ်ဖြစ်ပြီး ၁၉၉၃ ခုနှစ်တွင် တို့က ဆုရရှိခဲ့ကြသည်။ ထိုဆုရရှိခြင်းကြောင့် အူဆိန်းဘိုးလ်နှင့် ဖရေဇာပရိုက်စ်တို့မှာ ဆုကြေးငွေဒေါ်လာတစ်သိန်းစီရရှိခဲ့ကြသည်။

 

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.