L.A နဲ့ San Francisco ကြား SleepBus အဝေးပြေးယာဉ်လိုင်းပြေးဆွဲ

sleepbus-exterior-750x500.jpg

လော့စ်အိန်ဂျယ်လိစ်ကနေ ဆန်ဖရန်စစ်စကိုမြို့သို့ သွားမယ် သို့မဟုတ် အသွားအပြန် လုပ်မယ်ဆိုပါက အိပ်လျက်လိုက်ပါသွားနိုင်မယ့် ဘတ်စ်ကားခရီးစဉ် လက်တွေ့တကယ် ဖြစ်လာပါပြီ။

SleepBus လို့ခေါ်တဲ့ ယင်းဘတ်စ်ကားလိုင်းဟာ ဧပြီလနှောင်းပိုင်းမှာ စတင်ပြေးဆွဲခဲ့ပြီး ခရီးစဉ်တစ်ကြောင်း ဒေါ်လာ ၄၈ သာရှိပြီး လေယာဉ်ထက် ဈေးပိုသက်သာနေပါတယ်။ တစ်လမ်းလုံး ကားထိုင်ခုံနောက်မှီထိုင်လျက် လိုက်ပါသွားရမှာမဟုတ်ဘဲ ကုတင်နှစ်လုံးပူး အိပ်ယာရရှိမှာ ဖြစ်ပါတယ်။ ဘတ်စ်ကားပေါ်မှာ လက်ဖက်ရည် သုံးဆောင်နိုင်ပြီး ဧည့်ခန်း နားနေခန်းမှာ တခြားခရီးသည်များနဲ့ စကားပြောဆိုနိုင်တယ် ဒါမှမဟုတ် အိပ်စက်အနားယူနိုင်ပါတယ်။

ဘယ်ခရီးစဉ်ပဲ ရွေးရွေး ၇ နာရီကြာပြီးမှ ဆန်ဖရန်စစ်စကို သို့မဟုတ် လော့စ်အိန်ဂျယ်လ်လီစ်သို့ ရောက်ရှိမှာ ဖြစ်ပါတယ်။ ဘတ်စ်ကားမှာတော့ ည ၁၁ နာရီ စထွက်ပါတယ်။

အဆိုပါ SleepBus ပေါ်မှာ ကော်ဖီ၊ လက်ဖက်ရည်နဲ့ ရေ အခမဲ့ စီစဉ်ပေးထားပြီး အင်တာနက်ဝိုင်ဖိုင်၊ စာကြည့်မီးအိမ်၊ အားသွင်းပေါက်နဲ့ အိပ်ရာခင်းတို့ကိုလည်း အခမဲ့စီစဉ်ဆောင်ရွက်ပေးထားပါတယ်။ သန့်စင်ခန်းလည်း ပါရှိပါတယ်။ SleepBus အနေဖြင့် အိမ်မွေးတိရိစ္ဆာန်တွေ တင်ဆောင်နိုင်အောင် ဆောင်ရွက်ပေးထားပြီး ၁၀ နှစ်အောက်ကလေးများလည်း အခကြေးပေးဆောင်စရာမလိုဘဲ မိဘနဲ့အတူ လိုက်သွားနိုင်ပါတယ်။

ခရီးဆောင် လက်ဆွဲသေတ္တာ ၃ လုံးအပြင် ဆန္ဒရှိပါက စက်ဘီးပါ ယူဆောင်သွားနိုင်ပါတယ်။

တောင်းဆိုချက်အရမ်းများလွန်းတာကြောင့် SleepBus အနေနဲ့ လတ်တလောမှာ ကြိုတင်မှာကြားထားမှုတွေ မရနိုင်တော့ဘဲ နောက်ထက် ဘတ်စ်ကား ၁၀ စီး စီမံဆောက်ရွက်လျက်ရှိတယ်လို့ ၄င်းရဲ့ ဝက်ဘ်ဆိုဒ်အရ သိရပါတယ်။ နောက်ထပ်အစီအစဉ်တွေကို သြဂုတ်လ ၁၅ ရက်နေ့ ပြေးဆွဲနိုင်ဖို့ မျှော်လင့်ထားကြောင်း သိရပါတယ်။ 

Ref: Simplemost

 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.