ယနေ့တိုင် ခေတ်မီနေသေးတဲ့ ၁၉၉၀ ပြည့်နှစ် ကာလဖက်ရှင် ပုံစံများ

drew-barrymore-kylie-jenner-and-jessica-alba-wearing-brown-lipstick-main.jpg
၂၀၁၆ ခုနှစ်ကို ရောက်လာတဲ့အချိန်မှာ ဖက်ရှင် လောက ရဲ့  ဆန်းသစ်မှုတွေဟာလည်း အမျိုးမျိုးပေါ်ထွက် လာပါပြီ။ ၂၀၀၀ ပြည့်နှစ် ၀န်းကျင်ကာလ တုန်းက ဖက်ရှင် တွေလည်း လျော့နည်းလာပါပြီ။ ဒါပေမယ့်လည်း ဖက်ရှင်ဆိုတာ အဟောင်းတွေကို အသစ်တဖန် ပြန်လည် အသုံးချတဲ့ သဘောမျိုးပဲ ဖြစ်တာကြောင့် ယနေ့ခေတ်လို ဖက်ရှင်အဆန်းတွေကြားမှာ အထာကျနေစေသေးတဲ့ ဖက်ရှင် အဟောင်း တွေ ရှိနေပါသေးတယ်။ အဲဒီဖက်ရှင်တွေကတော့ ၁၉၉၀ ပြည့်နှစ် ကာလ ၀န်းကျင်တုန်းက ခေတ်စားခဲ့တဲ့ ဖက်ရှင်တွေပဲ ဖြစ်ပါတယ်။
 
၁။ ဆံပင် 
ဒီနေ့ခေတ်မှာ ဆံပင်တွေကို ထုံးချည်ပြီး အစည်းများကြပေမယ့် ၁၉၉၀ ကာလ ဖက်ရှင်တွေဖြစ်တဲ့ ပြင်သစ် ကျစ်ဆံမြီးပုံစံ ၊ ငါးမြီးကျစ်ဆံမြီးပုံစံ ၊ ပိုနီတေး တစ်ဝက် ပုံစံ တို့ဟာ လက်ရှိကာလ ဖက်ရှင်တွေထက် ကြည့်ကောင်းနေဦးမယ်ဆိုတာ ၉၇ ရာခိုင်နှုန်းသေချာပါတယ်။
ဆံပင် မစည်းထားတဲ့အချိန်မှာ ဆိုရင်လည်း ဆံပင်ကို လှိုင်းလုံးတွေလို ကောက်ထားတဲ့ ဆံပင်ပုံစံတွေဟာ ယနေ့ခတ် ဆံပင်အကောက်စတိုင်လ် အားလုံးထက် စမတ်ကျနေဦးမှာပါ။
 
၂။ မိတ်ကပ်
အရောင်ဆန်းဆန်း နှုတ်ခမ်းနီ တွေများစွာ ခေတ်စားနေတဲ့အချိန်မှာ အရင်ခေတ်က အသုံးများခဲ့တဲ့ lipgloss နှုတ်ခမ်းနီတွေကို ပြန်သုံးတာမျိုးက အထာကျနေစေမယ့် နည်းလမ်းဖြစ်သလို ပန်းရောင် ဆန်တဲ့ နှုတ်ခမ်းနီအရောင် တွေကတော့ သင့်တော်ပါတယ်။ ပြီးရင်တော့ မျက်နှာမှာ အရောင် တစ်ချို့ ကို ခြယ်သပါ။ Bronzer အနည်းငယ်နဲ့ Shimmery Highlight အနည်းငယ်ကို မေးစေ့နေရာအတွက် အသုံးချပါ။ အရင်ခေတ်တုန်းကလိုပဲ အပေါ်မျက်ခမ်း ကို ပဲ မည်းနက်နေအောင် ခြယ်သပါ။ အောက်ဘက် မျက်ခမ်းကို မထိပဲ ထားပါ။
 
၃။ အသုံးအဆောင်များ
၁၉၉၀ ပြည့်နှစ်က ဖက်ရှင်တွေမှာတော့ မိန်းကလေးအတွက် အရောင် ပျိုးပျိုးလက်လက် အသုံးအဆောင်လေးတွေ မပါရင် မပြည့်စုံဘူးလို့ ထင်ရပါတယ်။ ယနေ့ခေတ်ကာလအပေါ်မှာလည်း ဆွဲဆောင်မှုရှိနေမယ့် အသုံးအဆောင်ကတော့ Tattoo Choker လည်ဆွဲတွေပဲ ဖြစ်ပါတယ်။ ဒီလည်ဆွဲတွေကို ၀တ်ဆင်မယ်ဆိုရင်တော့ ပွဲလမ်းသဘင် အခြေအနေကြည့်ပြီး ၃ နာရီလောက်ပဲ တောက်လျှောက်ဝတ်ဆင်ထား သင့်ပါတယ်။ အချိန်ကြာလာရင် လည်ပင်း အစ်လာတဲ့ ပြဿနာတော့ရှိပါတယ်။
 
Ref:elitedaily
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.