လာမည့် ၂၀၁၄ခုနှစ်၊ ဖေဖော်ဝါရီ(၈)ရက်နေ့တွင် တိုင်ဆန်ဖျူရီနှင့် ထိုးသတ်ရန် စီစဉ်ထားသည့် ဗြိတိန်လက် ဝှေ့သမား ဒေးဗစ်ဟေယီမှာ ပြီးခဲ့သည့် တနင်္ဂနွေနေ့က ညာဖက်ပုခုံးခွဲစိတ်လိုက်ရမှုကြောင့် ထိုပွဲအား ဖျက်သိမ်း လိုက်ရပြီဖြစ်သလို လက်ဝှေ့ထိုးသတ်ခြင်းမှပင် အပြီးတိုင်အနားယူရဖွယ်ရှိနေပြီဖြစ်ကြောင်း သိရသည်။ (၅)နာ ရီကြာမြင့်ခဲ့သော ခွဲစိတ်မှုကိုပြုလုပ်ခဲ့ရသူ (၃၃)နှစ်အရွယ်ဒေးဗစ်ဟေယီက “ တကယ့်ကို ပြင်းထန်လွန်းတဲ့ထိုး နှက်ချက်ပါပဲဗျာ။ နောက်နှစ်အတွက် ကျွန်တော့ဆီမှာ ရည်မှန်းချက်အကြီးကြီးတွေရှိပါတယ်။ ကမ္ဘာ့ဟဲဗီးဝိတ် ချန်ပီယံရွှေခါးပတ်ကို ပြန်ရဖို့လည်းအပါအ၀င်ပေါ့။ ကျွန်တော့ပရိသတ်တွေအတွက် ဒါကိုယူပေးချင်တာပါ။ ဒီ နှစ်က ကျွန်တော့အတွက် ကံအဆိုးဆုံးနှစ်ဖြစ်လာမယ်ဆိုတာရယ်၊ နောက်ပြီး ဒဏ်ရာတွေကြောင့် အစီအစဉ် တွေပျက်လာလိမ့်မယ်ဆိုတာ ကြိုမသိခဲ့ပါဘူး။ အစက ပုခုံးဒဏ်ရာကို ဒီလောက်ဆိုးမယ်မှန်းမသိခဲ့ဘူး။ ဒါပေ မယ့် စစ်ဆေးပြီး မကြာခင်မှာပဲ ဘယ်လောက်ဆိုးနေတယ်ဆိုတာ သိလိုက်ရပါတယ်။ အဖြေထွက်လာပြီး တစ ရက်အကြာမှာတော့ ကျွန်တော်ခွဲစိတ်ခန်းထဲရောက်နေခဲ့ပါပြီ”ဟု ပြောပြခဲ့သည်။
ဒေးဗစ်ဟေယီနောက်ဆုံးထိုးသတ်ခဲ့သည့်ပွဲမှာ ယခုနှစ် ဇူလိုင်(၁၄)ရက်တွင်ဖြစ်ပြီး ချီဆိုရာအား ပဉ္စမအချီတွင် အလဲထိုးအနိုင်ယူနိုင်ခဲ့သည်။ မေလ(၁၄)ရက်နေ့တွင် ဂျာမနီနိုင်ငံသား မန်နူရာချားနှင့် ထိုးသတ်ရန် စီစဉ်ထား ခဲ့သေးသော်လည်း လက်ဒဏ်ရာကြောင့် ဖျက်သိမ်းခဲ့ရသေးသည်။ ထို့အတူ တိုင်ဆန်ဖျူရီနှင့်လည်း စက်တင် ဘာ(၂၈)ရက်နေ့တွင် ထိုးသတ်ရန်စီစဉ်ထားခဲ့သေးသော်လည်း ဒဏ်ရာကြောင့် ဖျက်သိမ်းခဲ့ရပြီး ၂၀၁၄ခုနှစ် ထဲသို့ ရွေ့ထားခဲ့ရာမှ ယခုထပ်မံပျက်သွားခဲ့ရပြန်ပြီဖြစ်သည်။