အရေပြားကင်ဆာဖြစ်ကြောင်း သိစေနိုင်တဲ့ လက္ခဏာ ၆ မျိုး

signs-cancer-skin-surface.jpg
ကင်ဆာလိုကြောက်မက်ဖွယ်ရာကောင်းတဲ့ ရောဂါတွေကို အသေအချာသတိထားစောင့်ကြည့်ရမှာဖြစ်ပြီး ရောဂါနုစဉ်အချိန်မှာလည်း ကြိုတင်ကာကွယ်တားဆီးပေးဖို့လိုပါတယ်။ သို့မှသာလျှင် ကင်ဆာရောဂါမပြန့်ပွားခင် အချိန်မီကုသပေးနိုင်မှာဖြစ်ပြီး လျှင်မြန်စွာ သက်သာပျောက်ကင်းသွားမည်ဖြစ်ပါတယ်။ အရေပြားပေါ်မှာဖြစ်တတ်တဲ့ ကင်ဆာရောဂါလက္ခဏာအချို့ကို သာမန်မျက်စိနှင့် တွေ့မြင် နိုင်ပါတယ်။ အချိန်မီ ကင်ဆာရောဂါမှန်းသိရှိဖို့ ထိုလက္ခဏာများဟာ ဘယ်လိုရောဂါလက္ခဏာများ ဖြစ်တယ်ဆိုတာကိုသာ သိဖို့လိုအပ်ပါ တယ်။ အောက်ပါတို့ကို သင့်အတွက် Vemale စာမျက်နှာမှ ကူးယူဖော်ပြပေးလိုက်ပါတယ်။  
 
ခန္ဓာကိုယ်ထိရှပွန်းပဲ့ခြင်းနှင့် သွေးထွက်ခြင်း 
အရေပြားပေါ်မှာထိခိုက်ဒါဏ်ရာရရှိပြီး သွေးမတိတ်ဖြစ်နေပါက သွေးကင်ဆာ သို့မဟုတ် လူခီးမီယားရောဂါဖြစ်လာနိုင်တဲ့အတွက် သတိထားပါ။ အလားတူဘဲ ခန္ဓာကိုယ်ထိရှပွန်းပဲ့မှုဒါဏ်ရာ တာရှည်ကြာရှိနေပြီး ပျောက်ကင်းမသွားပါက ခန္ဓကိုယ်အတွင်းမှာ သွေးနီဥ၊ သွေးဖြူဥဆဲလ်များပေါက်ဖွားနှုန်းအန္တရာယ်ရှိတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ 
 
မျက်နှာရောင်ရမ်းခြင်း
မျက်နှာရောင်ရမ်းခြင်ဟာ အဆုတ်ကင်ဆာဖြစ်ပွားနေတဲ့ လက္ခဏာဖြစ်တယ်။ အဆုတ်ထဲ ရေဝင်ရောက်ပြီး ပြန်လည်ထွက်မသွားခြင်းရဲ့ အကျိုးဆက်ဖြစ်တယ်။ ရေတွေစုပုံလာတဲ့အတွက် မျက်နှာရောင်ရမ်းလာစေပါတယ်။ 
 
လက်သည်းခြေသည်း မလှပခြင်း
ပုံမှန်အားဖြင့် လက်သည်း၊ ခြေသည်းတွေရဲ့မျက်နှာပြင်တွေက ချောအိနေပါတယ်။ လက်သည်း၊ ခြေသည်းတွေမှာ အညိုစက်များ ဒါမှမဟုတ် အမဲစက်များဖြစ်ပေါ်လာပါက အရေပြားကင်ဆာကို သတိထားပါ။ လက်သည်း၊ ခြေသည်းတွေ မူမမှန်ကြီးထွားနေပါက အဆုတ်ကင်ဆာ လက္ခဏာရပ်တွေဖြစ်တဲ့အတွက် သတိထားပါ။ လက်သည်း၊ ခြေသည်တွေ ဖျောတော့ခြင်း ဒါမှမဟုတ် ဖြူဖတ်ဖြူရော် ဖြစ်လာပါက အသည်းကင်ဆာဖြစ်ပေါ်ခြင်းရဲ့ လက္ခဏာဖြစ်တယ်။ 
 
အရေပြား အဖုအပိန့်များ
အရေပြားပေါ်မှာ အကြောင်းတစ်စုံတစ်ရာမရှိဘဲနဲ့ အဖုအပိန့်တွေရုတ်တစ်ရက် ဖြစ်ပေါ်လာပါက သတိထားပါ။ ခန္ဓာကိုယ်ရဲ့ သွေးဖြူဥ ထုတ်တဲ့ အရည်ကြည်စနစ် တစ်ခုခုချို့ယွင်းလို့ ဖြစ်ပါတယ်။ ဒါမှမဟုတ် အရေပြားပေါ်မှာ အကျိတ်တွေဖြစ်ပေါ်မဲ့ လက္ခဏာဖြစ်တယ်။ 
 
နာကျင်သော ခံတွင်းပြည်တည်နာ
ခံတွင်းထဲဖြစ်ပေါ်လာတဲ့ ပြည်တည်နာများကို ဂရုတစိုက်မကုသပါက အရေပြားကင်ဆာဖြစ်ပွားနိုင်ပါတယ်။ အဲဒီခံတွင်းပြည်တည်နာ များဟာ တခါတရံသွေးအရမ်းထွက်ပြီး ရက်သတ္တပတ်များစွာထိ ကြာရှည်သွေးထွက်ပါတယ်။ 
 
ရင်သား အကျိတ်အဖု
ရင်သားအရေပြားပေါ်က ဒါမှမဟုတ် အရေပြားအောက်က အကျိတ်အဖုဟာ ရင်သားကင်ဆာရဲ့ ရှေ့ပြေးသင်္ကေတဖြစ်တယ်။ မိမိရဲ့ရင်သားကို ပုံမှန်စစ်ဆေးကြည့်မယ်ဆိုရင် အဲဒီအကျိတ်အဖုကို တွေ့ရှိမှာဖြစ်ပါတယ်။
 
Ref:articlesofhealthcare
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.