မိန်းမတွေနဲ့ ပကာသန

laugh_0.jpg
ယောက်ျားတွေက သူတို့ရဲ့ ပုံစံဘယ်လိုဖြစ်နေနေ မိန်းမတွေထက်ပိုပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိပါတယ်။ မိန်းမတွေကတော့ သူတို့ရဲ့အင်္ကျီ အဆင်ပြေရဲ့လား၊နှုတ်ခမ်းနီနဲ့ အသားရောင်နဲ့ လိုက်ရဲ့လား၊ဘယ်ဆွဲကြိုးဆွဲရင် ကောင်းမလဲဆိုပြီး ပြင်ဆင်ပြီးမှ အပြင်ထွက်လေ့ရှိပါတယ်။
 
ဒါတွေမပါရင် မိန်းမအားလုံးက ယုံကြည်မှုရှိရှိ အပြင်မထွက်ရဲဘူးလို့ဆိုချင်တာမဟုတ်ပေမဲ့ ကိုယ့်အနေအထားနဲ့ ကိုယ်တော့ အတတ်နိုင်ဆုံး ပြုပြုပြင်ပြင်နေလေ့ရှိတာကတာ့ မိန်းမတွေပဲ ဖြစ်ပါတယ်။လူမြင်တင့်တယ်အောင် ကိုယ့်ကိုယ်ကိုယ် ပြုပြင်တာထက် ပိုပိုသာသာ ခေတ်ရှေ့ပြေးပြီး အဆန်းဆုံးတွေ ဝတ်နိုင်မှ ပုရိသယောက်ျားတွေရဲ့ စိတ်ဝင်စားမှုခံရမယ်လို့ ထင်နေတဲ့ မိန်းကလေးတွေကတော့ အများစု ဖြစ်နေတာတွေ့ရပါတယ်။
 
မိန်းမတွေဆိုတာ အသံတိတ်စစ်ပွဲကို ဆင်နွှဲနေကြတာ ဖြစ်ပါတယ်။ဒီစစ်ပွဲမှာ မိန်းမတွေက နှုတ်ခမ်းနီတွေ၊ဒေါက်မြင့်ဖိနပ်တွေ၊ဆက်ထားတဲ့ ဆံပင်ရှည်တွေ၊လက်သည်းအတုတွေ၊ဆီလီကွန်တွေကို သုံးပြီးတိုက်ခိုက်နေတာ ဖြစ်ပါတယ်။
ဒါပေမဲ့ ရင့်ကျက်တဲ့ ယောက်ျားတစ်ယောက်အတွက် မိတ်ကပ်တန်ပေါင်းများစွာနဲ့ ပလတ်စတစ်တွေသုံးထားတဲ့ မိန်းမတစ်ယောက်ကို တကယ့်အလှစစ်လို့ ခံစားရစေပါသလား။ တန်ဖိုးထားမှုရော ရှိနိုင်ပါ့မလား။
 
ဒါဆိုရင် ယောက်ျားတွေအတွက် ဆွဲဆောင်မှု ရှိတယ်ဆိုတာ ဘယ်လိုအရာမျိုးလဲ….
တကယ်တော့ ယောက်ျားလေးတွေ နှစ်သက်သဘောကျတဲ့ မိန်းကလေးတွေက သဘာဝဆန်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့ မိန်းကလေးတွေ ဖြစ်ပါတယ်။ မိတ်ကပ်တစ်စက်မှ လိမ်းထားစရာမလိုဘဲ ပကာသနမဖက်တဲ့ ရိုးရှင်းကြံခိုင်တဲ့ ဆံပင်ရှုပ်ပွပွနဲ့မိန်းကလေးတစ်ယောက်အတွက်ရော ယောက်ျားတွေက အသက်ပေးချင်လောက်အောင် ချစ်မြတ်နိုးတတ်ကြလိမ့်မယ်ဆိုတာ တွေးမိနိုင်မယ်ဆိုရင် အလှအပတစ်ခုတည်းကိုပဲ ဦးစားပေးလိုတဲ့ မိန်းကလေးတစ်ချို့အတွက် စဉ်းစားစရာ တစ်ခုတော့ ရနိုင်မယ် ထင်ပါတယ်။
 
Ref:womendailymagazine
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.