Rap အဆိုတော် TI ရဲ့ ဖျော်ဖြေပွဲမှာ သေနတ် ပစ်ခတ်မှု ဖြစ်ပွား ၊ ၃ ဦး ဒဏ်ရာရ

t.i.-800x399.jpg
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ည ၁၀ နာရီခန့်က နယူးယော့ခ်မြို့ ၊ ယူနီယန် ကွင်းပြင် အတွင်းမှာရှိတဲ့ Irving Plaza မှာ ကျင်းပနေတဲ့ Rap အဆိုတော် TI ရဲ့  ဖျော်ဖြေပွဲမှာ သေနတ် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။ CBS New York သတင်းဌာနရဲ့ ဖော်ပြချက်အရ လူ ၃ ဦးခန့် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ လည်း သိရပါတယ်။
 
ထိုပွဲအတွင်းမှာ သေနတ်ပစ်ခတ်သံ ပေါင်းမြောက်များစွာ ထွက်ပေါ်ခဲ့ပြီးတဲ့နောက်မှာ ပရိသတ်တွေလည်း ရုတ်ရုတ်သဲသဲ ဖြစ်ခဲ့ရတာကို ဗီဒီယို မှတ်တမ်းတင်ထားနိုင်ခဲ့သလို ထို ဖျော်ဖြေပွဲမှာ လူ ၁၀၀၀ ခန့် ရောက်ရှိနေခဲ့တယ်လို့လည်း Daily Beast သတင်းဌာနက ဖော်ပြထားပါတယ်။
 
ထို ဖျော်ဖြေပွဲနေရာမှာ သက်ဆိုင်ရာ ရဲ တပ်ဖွဲ့ဝင်တွေ လုံလောက်စွာရှိနေခဲ့တယ်လို့ သတင်းတွေက ဖော်ပြထားပေမယ့်လည်း မျက်မြင်သက်သေတွေရဲ့  ပြောကြားချက် ၁၀ နာရီ ၄၅ မိနစ်အထိ ဖမ်းဆီးမှု တစ်စုံတစ်ရာ ပြုလုပ်နိုင်ခဲ့ခြင်း မရှိသေးဘူးလို့ သိရပါတယ်။ တရားခံကို အခုချိန်အထိ ဖမ်းဆီး နိုင်ခြင်း မရှိသေးပဲ စုံစမ်းစစ်ဆေးနေဆဲဖြစ်ပါတယ်။
 
ပစ်ခတ်ခံခဲ့ရသူတွေထဲမှာတော့ အမျိုးသားတစ်ယောက်က ရင်ဘတ်ကို ထိခိုက်ခဲ့တာဖြစ်ပြီး အမျိုးသမီးတစ်ဦးကတော့ ခြေထောက်မှာ ဒဏ်ရာ ရခဲ့တာ ဖြစ်တယ်လို့ လည်း သတင်းဖော်ပြချက်တွေက အခိုင်အမာ ဆိုထားပါတယ်။
 
Ref:elitedaily
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.