အသက်အန္တရာယ်ကြားကနေ ချောက်ကမ်းပါးတွယ်တက်ပြီး ကျောင်းသွားနေရတဲ့ တရုတ်နိုင်ငံက ကလေးငယ်များ

sunspec2_pht_awkwa_2887923a.jpg

တရုတ်နိုင်ငံ ဝေးလံခေါင်ဖျားတဲ့ ခရိုင်တစ်ခုက သတ္တိခဲ ချာတိတ်လေးတွေဟာ သီးခြားတည်ရှိနေတဲ့ သူတို့ရွာကြောင့်  အကျောင်းအသွားအပြန်လုပ်ရန် ချောက်ကမ်းပါး ကုတ်တွယ်တက်ဆင်းပြုလုပ်နေ ကြရပါတယ်။ ရွာမှာ တရုတ်နိုင်ငံ အနောက်တောင်ရှိ ၂၆၂၄ ပေ မြင့် တောင်ထိပ်တစ်ခုပေါ် တည်ရှိနေတာမို့ ၆ နှစ်အရွယ် ကလေးတွေဟာ ကျောချမ်းစရာ ကျောင်းသွားကျောင်းပြန် လုပ်နေရပါတယ်။

တောင်ခြေရင်းရှိ သူတို့စာသင်ကျောင်းဆီအရောက်သွားဖို့ရာ  ကလေးတွေဟာ ရွာချောက်ကမ်းပါးကနေတဆင့် တွယ်ဆင်းရပါတယ်။ ကျောင်းအသွားအလာ စီစဉ်ကြီးကြပ်သော သွက်လက်ကျွမ်းကျင်တဲ့ မိဘများကတော့ ယင်းချောက်ကမ်းပါးကို တစ်နာရီခွဲအတွင်း တွယ်ကပ်တက်ဆင်းနိုင်ကြပါတယ်။

ကျိုးပျက်နိုင်ခြေရှိပြီး လုံခြုံစိတ်ချမှုမရှိတဲ့ လှေကား ၁၇ ခုက ကလေးတွေကို ချောက်ကမ်းပါး အပေါ်အောက် ပို့ဆောင်ပေးပါတယ်။ Liangshan Yi ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ စီရင်စုနယ် Zhaojue စီရင်စုရှိ Le'er မူလတန်းကျောင်း ရောက်တဲ့အခါ အဲဒီမှာ ကလေးတွေဟာ နှစ်ပတ်ကြာ နေကြပါတယ်။ ရက်သတ္တ နှစ်ပတ်ကြာပြီးနောက် အုပ်စုလိုက် မိဘဆီပြန်လာကြပါတယ်။

ယင်း Atule'er ချောက်ကမ်းပါးရွာမှာ မိသားစု ၇၂ စု သာ ရှိပါတယ်။ အများစုက ကျောက်ဆောင်တွေကြားမှာ ငရုတ်သီးစိုက် အသက်မွေးကြသူတွေဖြစ်ကြပါတယ်။ မိဘတစ်ဦးဖြစ်တဲ့ အသက် ၃၀ နှစ်အရွယ် Chen Guji က "ကလေးတွေ ကျောင်းကြိုပို့ဖို့ မနက် ၆ နာရီ အိပ်ယာ ထရပါတယ်။ ၆ နှစ်အရွယ် သူ့ရဲ့ အငယ်ဆုံးသား Chen Muhei အတွက် အထူးအကာအကွယ် ကိရိယာတစ် ပြင်ဆင်ပေးထားတယ်။ ထုံးချည်ထားတဲ့ ကြိုးဖြင့် သူ့ကလေး ဘေးကင်းလုံခြုံအောင် ထိန်းပါတယ်။ မိုးရွာ၊ နှင်းကျ ပြီး အန္တရာယ်များတဲ့အချိန်ဆိုရင် တချို့ကလေးတွေ ကျောင်းမလွှတ်တော့ဘူး" လို့ ဆိုပါတယ်။

အစိုးရအနေနဲ့ သီးခြားစီ ရှိနေတဲ့ ဒီရွာလေးကို မိမိဘာသာဖူလုံအောင် ရင်းနှီးမြုပ်နှံမှုများစွာ ပြုလုပ်ခဲ့ပါတယ်။ ရွာသွားတွေကို ယွမ် ၁ မီလျှံတန် သိုးတွေ ပေးခဲ့ပါတယ်။ အဓိကပြသနာက ရွာသားတွေကို အနီးဆုံးမြို့တစ်ခုဆီ ပြောင်းရွေ့ပေးလို့ရပေမယ့် စိုက်ပျိုးမြေမရှိဘဲ သူတို့မှာ အလုပ်အကိုင်မရှိဘူးလို့ Zhaojue စီရင်စုရုံး အတွင်းရေးမှူး Ji Ke Jin Song က ပြောဆိုခဲ့ပါတယ်။ 

Ref: The Sun 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.