လမစေ့ပဲ မွေးဖွားသူတွေရဲ့ ချို့ယွင်းချက်

ad_207531695.jpg
လမစေ့မွေးဖွားခြင်းက ကိုယ်မတွေးမိဖူးတဲ့ ပုံစံမျိုးနဲ့ အကျိုးသက်ရောက်နိုင်ခြေရှိကြောင်း McMaster University လေ့လာမှုတစ်ခုအရ သိရပါတယ်။ ဒါဟာ နာတာရှည် ကျန်းမာရေးပြသနာဖြစ်စေနိုင်ခြေပိုများတဲ့ ကျန်းမာရေးချို့ယွင်းမှုတွေရဲ့ ထိပ်ဆုံးနေရာမှာ ပါဝင်တယ်လို့ ကနေဒါသတင်းမှာ ထည့်သွင်းပြောဆိုထားပါတယ်။
 
Extremely low-birth-weight ELBW ခေါ် ကိုယ်အလေးချိန် အလွန်သေးငယ်တဲ့ လမစေ့ပဲမွေးတဲ့ကလေးတွေ အရည်အချင်းကွာဟမှု မရှိသည့်တိုင် အလုပ်ရနိုင်ခြေအခွင့်အလမ်း ပိုနည်းတယ်လို့လည်း ဖော်ပြထားပါတယ်။ သားသမီး ပိုနည်းနိုင်ဖွယ်ရှိတယ်လို့လည်း သုတေသီတွေက ထည့်သွင်းပြောဆိုကြပါတယ်။
 
ယင်းလေ့လာမှုက အသက် ၂၉ မှ ၃၆ အတွင်း ELBW အရွယ်ရောက်ပြီးသူ ၁၀၀ ကို နှိုင်းယှဉ်လေ့လာခဲ့ခြင်း ဖြစ်ပါတယ်။ အချုပ်အားဖြင့် လမစေ့မွေးပြီး အရွယ်ရောက်ပြီးသူ အများစုဟာ အမှီခိုကင်းစွာ အသက်ရှင်နေထိုင်ကြပြီး လူမှုအဖွဲ့အစည်းကို ကောင်းစွာ အထောက်အပံ့ပြုသူများ ဖြစ်ကြတယ်လို့ ဆိုပါတယ်။ အလုပ်လုပ်ကိုင်ခြင်း၊ ဝင်ငွေ၊ မိသားစုနဲ့ အချစ်ရေးနဲ့ ဘဝအခြေအနေ ကိစ္စရပ်တွေမှာ သက်လတ်ပိုင်းရောက်လာတဲ့အခါ ဒီ ELBW အရွယ်ရောက်လူကြီးတွေ ဘယ်လိုဖြစ်မလဲဆိုတာ ခန့်မှန်းရ ခက်ခဲကြောင်း ဆိုပါတယ်။
 
လေ့လာမှုမှာ တွေ့ရှိတဲ့ ELBW ကလေးများအတွက် သတင်းကောင်းက လမစေ့မွေးဖွားပြီး အသက်ရှင်ကျန်ရစ်သူတွေဟာ မူးရစ်ဆေးဝါး သို့မဟုတ် အရက်သေစာ စွဲလန်းစွာ သုံးစွဲနိုင်ခြေ ပိုနည်းကြောင်း အခိုင်အမာဖော်ပြထားပါတယ်။ 
 
Ref: Metro 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.