ထူးခြားတဲ့ နှုတ်ခမ်းနီ အရောင် အသစ်တစ်မျိုးကို ထုတ်လုပ်တော့မယ့် Kylie Jenner

fc44f530-042c-0134-e759-0a315da82319.png
မော်ဒယ်လ် မလေး Kylie Jenner ထုတ်လုပ်တဲ့ နှုတ်ခမ်းနီတွေဟာ ဒေတာ စစ်တမ်းကောက်ယူမှုတွေ ၊ စံချိန်တင်မှုတွေ ၊ ရောင်းအားကောင်းခဲ့မှုတွေ ကို ကြားခဲ့ရပြီးတဲ့နောက်မှာတော့ Kylie ဟာ သူမရဲ့  ထုတ်ကုန်တွေထဲကို အရောင် အသစ်တစ်မျိုး ထည့်သွင်းလိုက်ပြန်ပါတယ်။
 
Kylie ဟာ သူမရဲ့  ထုတ်ကုန်တွေအကြောင်းဖော်ပြတဲ့ Kylie Cosmetic ဆိုတဲ့ Instagram စာမျက်နှာကနေ ထို နှုတ်ခမ်းနီ အရောင်အသစ်ကို စမ်းသပ်ထားတဲ့ ဓါတ်ပုံနဲ့ ဗီဒီယိုတွေ ပြသခဲ့ပါတယ်။ ထို နှုတ်ခမ်းနီအသစ်ရဲ့  အရောင်ကတော့ အမည်းရောင် တပြေးညီ မှိန်ဖျော့မှုကို ဖော်ကျူးပေးတဲ့ မက်တယ်လ် မက်တေး(metal matte) အရောင် အမျိုးအစားပဲ ဖြစ်ပါတယ်။
 
နာမည်ကိုတော့ Majesty လို့ပေးထားပြီး ထို နှုတ်ခမ်းနီ ကို မကြာမီ ထုတ်လုပ်ရောင်းချတော့မှာ ဖြစ်ပါတယ်။ အရင်ကတည်းကလည်း မက်တယ် မက်တေး အရောင်အမျိုးအစား နဲ့ နှုတ်ခမ်းနီတွေ ထုတ်လုပ်ဖူး ပေမယ့် လည်း ရွှေဝါရောင် ၊ နှင်းဆီရွှေရောင် ၊ နဲ့ ကြေးဝါ ရောင် စတဲ့ အရောင်များသာ ထုတ်လုပ်ခဲ့တာဖြစ်ပြီး The Trifecta of Peasant Colors ဆိုတဲ့ နာမည်နဲ့ ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။
 
Twitter သုံးစွဲသူ မိန်းကလေး တော်တော်များများကလည်း Kylie ရဲ့  နှုတ်ခမ်းနီ အသစ်ကို လိုချင်ကြတဲ့ အကြောင်းတွေကို Tweet များရေးသားနေကြတာကိုလည်း တွေ့ရပါတယ်။ Kylie ကတော့ သူမရဲ့  ထုတ်ကုန်အသစ် Majesty ကို ဘယ်နေ့ ထုတ်လုပ်မယ်ဆိုတာကို အတိအကျ ပြောပြခြင်း မရှိသေးပါဘူး။
 
Ref:elitedaily
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.