မက်တယ်လ် ဂီတဟာ နားဆင်နေသူ ရဲ့  စိတ်ကို တည်ငြိမ်သွားစေနိုင်

မက်တယ်လ် ဂီတ ရဲ့  ပေါက်ကွဲမှု သံစဉ်တွေက လူတစ်ယောက်ရဲ့  စိတ် ကို တည်ငြိမ်စေတယ်လို့ ပြောရင် နောက်နေတယ်လို့ မထင်လိုက်ပါနဲ့။ Frontiers in Human Neuroscience ဆိုတဲ့ စာစောင်ထဲမှာ ပုံနှိပ်ဖော်ပြခဲ့တဲ့ လေ့လာမှုတစ်ခု အရ  ဟဲဗီး မက်တယ်လ် ဂီတဟာ နားထောင်နေသူတွေကို ဒေါသထွက်လာစေမယ့် အစား မကောင်းတဲ့ ခံစားချက်တွေ ဖြစ်ပေါ်လာစေပြီး ပြန်လည် ငြိမ်သက်သွားစေနိုင်ရန် ကူညီပေးတယ်လို့ သိရပါတယ်။
 
“ဒီဂီတဟာ သူတို့ကို ခံစားနေရတဲ့ ခံစားချက်တွေ အားလုံးကို ပေါက်ကွဲ ပွင့်ထွက်လာစေဖို့ ကူညီပေးတယ်။ ဒါပေမယ့် သူတို့ကို ပိုပြီး သွက်လက်လာစေ သလို ဥာဏ်လည်း ကွန့်မြူးလာစေတယ်။ ရလဒ်တွေကတော့ စိတ်ရဲ့ မတည်ငြိမ်မှု တွေ ၊ ရန်လိုမှုတွေ စိတ်ဖိစီးမှုတွေ ဟာ သီချင်း ရဲ့  အစပျိုး(Intro) ကြားပြီးကတည်းက လျော့နည်းသွားတယ်။” လို့ ထို လေ့လာမှု ကို ဦးဆောင်ခဲ့တဲ့ ဒေါက်တာ Genevieve Dingle က ဆိုပါတယ်။
 
စာရေးဆရာမ နဲ့ ဂျာနယ်လစ် တစ်ယောက်ဖြစ်တဲ့ Leah Sottile ကလည်း မက်တယ်လ် ဂီတ နဲ့ ပတ်သက်ပြီး Atlantic မဂ္ဂဇင်းအတွက် ဆောင်းပါးရေးသားခဲ့ဖူးပါတယ်။ သူမရဲ့  ဆောင်းပါးထဲမှာတော့ –  “ပြတင်းပေါက် မရှိတဲ့ အခန်းငယ်တစ်ခုထဲမှာ ကျွန်မ တစ်ပတ်လုံး အလုပ်တွေ ရှုပ်နေခဲ့ပြီးတဲ့နောက်မှာ မြို့ထဲက မက်တယ်လ်တီးဝိုင်းတွေရဲ့  ဖျော်ဖြေပွဲတစ်ခုကို သွားပြီး စပီကာတွေအနားမှာ မတ်တပ်ရပ် နားထောင်နေခဲ့မိတယ်။ ဂီတသံစဉ်တွေ ကျွန်မ ခန္ဓာကိုယ်ထဲကို ဖောက်ထွင်း ၀င်ရောက်သွားဖို့ အထိ နီးကပ် စွာနားထောင်ခဲ့တယ်။ အဲဒါဟာ တရားထိုင်ရသလိုပဲ။ ဘေ့စ် အသံတွေက ကျွန်မရဲ့  အရိုးတွေကိုတုန်ခါ သွားစေပြီး ကိုယ်တွင်း အင်္ဂါတွေကို ပါ သန့်စင်ပေးလိုက်နိုင်ပါတယ်။ အဲဒီအခိုက်အတန့်မှာတော့ ကျွန်မရဲ့  အာရုံခံစားမှုတွေ ပြည့်လျှံသွားခဲ့ပြီးတဲ့နောက် အားရပါးရ အသက်ရှုလိုက်နိုင်တယ်” လို့ ရေးသားဖော်ပြထားပါတယ်။
 
Ref:elitedaily
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.