ယာဉ်ကြောပိတ်ဆို့မှုအတွက် စိုးရိမ်စရာ မလိုတော့မယ့် နောင်ဖြစ်လာဖွယ် နည်းပညာမြင့် ဘတ်စ်ကား

ad_207509010-e1464193839990.jpg

ဒီ "Transit Elevated Bus" လို့ခေါ်တဲ့ ဘတ်စ်ကား လက်တွေ့ တကယ် ရှိလာပါက နောက်နောင် ယာဉ်ကြောပိတ်ဆို့မှုပြသနာ ဖြစ်လာတော့မှာ မဟုတ်ပါဘူး။ ယင်းသယ်ယူပို့ဆောင်ရေးယာဉ်ဟာ မော်တော်ကားတွေရဲ့ ခေါင်မိုးပေါ် ကျော်မောင်းကာ ကားလမ်းပိတ်ခြင်းကြောင့် ရပ်တန့်နေမှုတွေ ကင်းဝေးစေမှာ ဖြစ်ပါတယ်။

ဟုတ်ပါတယ်။ ယင်းဘတ်စ်ကားအနေဖြင့် ခရီးသည် ၁,၂၀၀ သယ်ဆောင်နိုင်မှာ ဖြစ်ပြီး ယာဉ်ကြောပိတ်ဆို့မှုကို လျှေ့ချပေးနိုင်မှာ ဖြစ်ပါတယ်။ ယင်း Transit Elevated Bus ဘတ်စ်ကားကြီးရဲ့ ပုံစံ ပမာဏအတိုင်းအတာကို ၁၉ ကြိမ်မြောက် တရုတ်နိုင်ငံ ဘေဂျင်းမြို့ နိုင်ငံတကာ အဆင့်မြင့်နည်းပညာပြပွဲမှာ အခုတစ်ပတ် ပြသသွားပါတယ်။

ယင်းသယ်ယူပို့ဆောင်ရေးယာဉ်ဟာ ကားလမ်းမပေါ် မြုပ်ဝင်နေတဲ့ အတည်တပ်ဆင်ထားတဲ့ သံလမ်းအစုံလိုက်တစ်ခုပေါ် ပြေးလွှားသွားလာမှာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ ဓာတ်ရထားနဲ့ ဘတ်ကားနှစ်ခုကြား ကန့်လန့်ဖြတ်အနေအထား ဖြစ်နိုင်ဖွယ် ရှိပါတယ်။

အင်ဂျင်နီယာများအနေနဲ့ ယင်းပဒီဇိုင်းပုံစံဟာ ကားလမ်းမ နေရာပိုရစေပြီး ပုံမှန်ဘတ်စ်ကားများထက်စာရင် ယာဉ်ကြောပိတ်ဆို့မှု ပိုမိုနည်းပါးစေနိုင်မယ်လို့ မျှော်လင့်ထားပါတယ်။

အများပြည်သူ သယ်ယူပို့ဆောင်ရေးတွေထက် ကုန်ကျစရိတ် ပိုသက်သာမယ်လို့လည်း မျှော်လင့်ထားပါတယ်။ 

Ref: Metro 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.