ဒီနည်း (၃) မျိုးကို အသုံးပြုပြီး ပျားရည် အတု၊ အစစ်ခွဲခြားနိုင်

honey-real-fake2.jpg
ပျားရည်သည် ဆေးဖက်အဝင်ဆုံး အကောင်းဆုံး စားစရာတစ်ခုဖြစ်ခြင်းကြောင့် အိမ်တိုင်းတွင် ဆောင်ထားသင့်သော်လည်း ပျားရည်အစစ်ရရန်မှာ မလွယ်ကူပေ။ယနေ့ဈေးများနှင့် ဆိုင်များတွင် ရောင်းချနေသည့် ပျားရည်အများစုမှာ အတုများသာဖြစ်ခြင်းကြောင့် ဝယ်ယူအသုံးပြုပါက ပျားရည်၏ အမှန်တကယ် ဆေးဖက်ဝင်သည့် အာနိသင်များ ရရှိနိုင်မည် မဟုတ်ပေ။
 
ပျားရည်အစစ်သည် ခန္ဓာကိုယ်၏ ခုခံအားစနစ်ကို တိုးတက်ကောင်းမွန်စေပြီး ဗီတာမင်၊သတ္တုဓာတ်နှင့် မရှိမဖြစ်လိုအပ်သော အမိုင်နိုအက်ဆစ်ဓာတ်ကဲ့သို့ အလွယ်တကူပျော်ဝင်လွယ်သော အကျိုးပြုဓာတ်ပေါင်း ၃၀၀ ကျော် ပါဝင်သည်။သဘာဝပျားရည်မှာ အချိန်ကြာမြင့်လာပါက ခဲသွားတတ်သော်လည်း ပျားရည်အတုမှာ သကြားသာ အဓိက ပါဝင်ခြင်းဖြစ်တာကြောင့် အချိန်ကြာမြင့်လာသော်လည်း ခဲသွားခြင်း မရှိတတ်ပေ။
 
စီးပွားရေးသမားများ လိမ်လည်ရောင်းချတတ်သော ပျားရည်အတုများကို ဝယ်ယူမိပါက ငွေကုန်အကျိုးမရှိသာ ဖြစ်နိုင်ခြင်းကြောင့် ပျားရည်အစစ်နှင့် အတုခွဲခြားနည်းကို သိရှိထားပါက အကောင်းဆုံးဖြစ်ပါတယ်။ ပျားရည် အတုနဲ့ အစစ်ကို ခွဲခြားနည်းတွေကတော့-
 
၁) ဇွန်းတစ်ချောင်းထဲတွင် ပျားရည်တစ်ဇွန်းကိုထည့်ပါ။ ပြီးနောက် ဖယောင်းတိုင်မီးတောက်အပေါ်တွင် ပျားရည်ဆူပွက်လာသည်အထိ ထားကြည့်ပါ။ ပျားရည်ဆူပွက်လာပြီး အရောင်ပြောင်းလဲခြင်း မရှိပါက ပျားရည် အစစ်ဖြစ်ပြီး အရောင်ရင့်သွားခြင်း၊ သကြားအနံ့ထွက်လာခြင်းတို့ ဖြစ်ခဲ့ရင်တော့ ပျားရည်အတုဖြစ်ပါတယ်။ 
 
၂)အိုးငယ် တစ်အိုးထဲတွင် ပျားရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ အရက် စားပွဲတင်ဇွန်း ၆ ဇွန်းကိုထည့်ပြီး မီးဖိုပေါ်တွင် ၁၀ မိနစ်ခန့်ထင်ထားပါ။ အိုးရဲ့ အောက်ခြေမှာ အဖြူရောင် အနှစ်များကပ်နေသည်ကို တွေ့ရပါက ပျားရည်အတု ဖြစ်ပါတယ်။
 
၃)ဖန်ခွက်တစ်ခွက်တွင် ပျားရည် စားပွဲတင်ဇွန်း ၁ ဇွန်း၊ပေါင်းခံရည် စားပွဲတင်ဇွန်း ၁ ဇွန်းထည့်ပါ။ ၄င်းနောက် အိုင်အိုဒင်းစက် အနည်းငယ်ထည့်လိုက်ပါက အပြာရောင် ပြောင်းသွားမယ်ဆိုပါက ပျားရည်အတု ဖြစ်ပါတယ်။
 
Ref:womendailymagazine
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.