သင့်အချစ်ရေးကနေ သင်ရရှိဖို့ ထိုက်တန်တဲ့ အရာများ

willing_heart.jpg
ဘ၀မှာ အရာတော်တော်များများအတွက် ဖြေသိမ့်ပြီး နေလိုက်ရတာတွေ အများကြီးရှိပါတယ်။ ကိုယ့်ချစ်သူဆီကနေ ကိုယ်လိုချင်လျက်၊ တောင်းဆိုချင်လျက်နဲ့ မလုပ်ရပဲ နှုတ်ဆိတ်နေလိုက်ရတာမျိုးတွေလည်း အများကြီးပါ။ ဒါပေမယ့် အဲ့ဒီအရာတွေထဲမှာ အချစ်တော့ မပါဝင်သင့်ပါဘူး။ သင့်မှာ ချစ်သူရှိနေပြီဆိုရင် ဒီအချစ်ရေးကနေ သင်တောင်းဆိုနေစရာ မလိုပဲ သင် ထိုက်ထိုက်တန်တန် ရသင့်တဲ့ အရာ (၃၀ ) မျိုး ရှိပါတယ်။ အဲ့ဒါတွေကတော့
 
၁။ နှစ်ဦးသား ကြည်ကြည်နူးနူး ရယ်မောခြင်းတွေ
၂။ စွန့်စားမှုတွေ
၃။ ချစ်ခင်ယုယမှုတွေ
၎။ တစ်ယောက်နဲ့တစ်ယောက် လေးစားမှု
၅။ လုံခြုံတဲ့ ခံစားချက်
၆။ ဘယ်သူ့ကိုမှ မပြောဖူးတဲ့ ဟာသတွေ
၇။ ရိုးသားခြင်းတွေ
၈။ ဘယ်တော့မှ မေ့လို့မရနိုင်တော့မယ် ညမျိုးတွေ
၉။ ဒုတိယမိသားစုတစ်ခု
၁၀။ အရသာရှိလွန်းတဲ့ အစားအစာ
၁၁။ နှစ်ဦးသား ခွဲရခက်တဲ့ ညနေခင်းလေးတွေ
၁၂။ သိပ်ရှည်ကြာလွန်းတဲ့ အနမ်းပွင့်တွေ
၁၃။ လက်ခံပေးတတ်တာမျိုးတွေ
၁၄။ စိတ်လှုပ်ရှားမှု
၁၅။ နှလုံးသားက ဖွင့်ဟ၀န်ခံချက်တွေ
၁၆။ သူငယ်ချင်းအသစ်တွေ
၁၇။ ထင်မှတ်မထားတဲ့ လက်ဆောင်တွေ
၁၈။ နှလုံးသားတွေ အရည်ပျော်သွားမတတ်ဖြစ်ရတဲ့ အချိန်လေးတွေ
၁၉။ သစ္စာရှိမှု
၂၀။ လွတ်လပ်စွာ ရွေးချယ်နိုင်ခွင့်နဲ့ ဆုံးဖြတ်နိုင်ခွင့်တွေ
၂၁။ နွေးထွေးလွန်းတဲ့ ထွေးပွေ့မှုမျိုးတွေ
၂၂။ ကိုယ့်ဘက်က ရပ်တည်ပေးတတ်တာတွေ
၂၃။ နှစ်ဦးတည်း ရုပ်ရှင်ကြည့်ချိန်လေးတွေ
၂၄။ ကိုယ့်နေမကောင်းချိန် ပြုစုယုယခံရချိန်လေးတွေ
၂၅။ ကိုယ့်ကို တခစ်ခစ် ပျော်ရွှင်ရယ်မောရအောင် လုပ်ပေးချိန်တွေ
၂၆။ သူ့လက်မောင်းကို မှီတွဲကြည်နူးခွင့်တွေ
၂၇။ နဖူးပေါ်က အနမ်းပွင့်တွေ
၂၈။ ဟန်မဆောင်တဲ့ အပြုံးမျိုးတွေ
၂၉။ ယုံကြည်မှု နဲ့ ပွင့်လင်းမှု
၃၀။ ပျော်ရွှင်မှု တို့ပဲ ဖြစ်ပါတယ်။
 
Ref:yourtango
 
 
 
 
 
 
 
 
 
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.