လူတစ်ယောက်မှာ မိတ်ဆွေအပေါင်းအသင်း စတင်လျော့နည်းလာတဲ့အချိန်

unfiltered_emotion.jpg

လူမှုမီဒီယာရဲ့ ကျေးဇူးကြောင့် ကျွန်ုပ်တို့မှာ အရင်ထက် မိတ်ဆွေသူငယ်ချင်းတွေ ပိုများလာနိုင်ခြေရှိပါတယ်။ ဒါပေမယ့် အပေါင်းအသင်းတွေ စတင်လျော့နည်းလာတဲ့အချိန်တစ်ခုတော့ ပေါ်ထွက်လာခဲ့တာပါပဲ။

သင်မှန်းဆထားတာထက် ပိုမိုငယ်ရွယ်နေပါတယ်။ တတယ်တော့ မိတ်ဆွေအပေါင်းအသင်းတွေ သင့်ဆီက ခွဲထွက်တဲ့ အချိန်ဟာ ၂၅ နှစ်အရွယ်ပါ။ သုတေသနသစ်တစ်ရပ်မှ ဖုန်းအဆက်အသွယ် တကယ်ရှိတဲ့ လူအရေအတွက်ကို စစ်တမ်းကောက်လေ့လာခဲ့ပါတယ်။

Royal Society မှ ပုံနှိပ်ဖော်ပြတဲ့ လေ့လာမှုက အမျိုးသားနဲ့ အမျိုးသမီး နှစ်ဦးလုံးဟာ အသက် ၂၅ နှစ်မပြည့်မချင်း မိတ်ဆွေသူငယ်ချင်းတွေ ထပ်ထပ်ပေါင်းသင်းနေကြပေမယ့် အဲဒီနောက်ပိုင်း အရေအတွက်တွေ စတင် ကျဆင်းလာကြောင်း ဖော်ပြထားပါတယ်။ လေ့လာမှုအရ ပျှမ်းမျှ ၂၅ နှစ်အရွယ် အမျိုးသားဟာ တစ်လ လူ ၁၉ ယောက်ခန့်နဲ့ အဆက်အသွယ်ပြုလုပ်ပြီး၊ အဲဒီအရွယ်မှာပဲ အမျိုးသမီးတွေကတော့ ပျှမ်းမျှ ၁၇ ယောက် ဝန်းကျင်နဲ့ ဆက်သွယ်စကားပြောကြတယ်လို့ သိရပါတယ်။ 

၃၉ နှစ်အရွယ်မှာ အမျိုးသားတွေ ၁၂ ယောက်နဲ့ အဆက်အသွယ်ရှိပြီး အမျိုးသမီးတွေမှာ ဆက်သွယ်စကားပြောရတဲ့သူ ၁၅ ယောက် ရှိပါတယ်။ ၄၀ နောက်ပိုင်း အမျိုးသမီးတွေဟာ အမျိုးသားတွေထက် အပေါင်းအသင်း ပိုလျော့နည်းသွားကြပါတယ်။

အဲဒီလိုကျဆင်းမှုက အသက် ၈၀ ခန့်အချိန်ထိ ဆက်လက်ဖြစ်ပွားပါတယ်။ အမျိုးသမီးတွေ ပျှမ်းမျှ ၈ ယောက်နဲ့ အမျိုးသားများမှာ ၆ ယောက် ဆက်လက်ရှိနေကြပါတယ်။ ဒီလေ့လာမှု ဆောင်ရွက်တဲ့ သိပ္ပံပညာရှင်များကတော့ ၂၅ နှစ်နောက်ပိုင်း လူမှုအသိုင်းအဝိုင်း တဖြည်းဖြည်းလျော့နည်းလာခြင်းအကြောင်းအရင်းက ပျိုရွယ်ချိန်ကို လက်လွတ်စပယ် နေထိုင်ကုန်ဆုံးစေခြင်းကြောင့်လို့ ယုံကြည်ထားကြပါတယ်။ 

Ref: The Sun 

285 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.