သင်ကြိုက်နှစ်သက်တဲ့ ဂီတအမျိုးအစားကိုလိုက်ပြီး သင်ဘယ်လိုလူမျိုးလဲဆိုတာ သိရှိနိုင်

records.jpg

Adrain North, PhD ဟာ ဂီတအနုပညာဆိုင်ရာ စိတ်ပညာရှင်တစ်ဦးဖြစ်ပြီး ပါဝင်အစမ်းသပ်ခံသူ အယောက် ၃၆,၀၀၀ ကျော်ဆီက ဂီတအပေါ်နှစ်သက်စွဲလမ်းမှုနဲ့ ပင်ကိုယ်ဗီဇ၊ သဘောသဘာဝတို့အကြောင်း ၃နှစ်ကြာ လေ့လာမှု ပြုလုပ်ခဲ့သူဖြစ်ပါတယ်။ သင်နဲ့ သင်နှစ်သက်မြတ်နိုးတဲ့ ဂီတအမျိုးအစားနှစ်ခုကြား ပတ်သက်ဆက်နွယ်နေမှုအကြောင်း North ရဲ့ အံ့မခန်းဖွယ် ဆန်းစစ်လေ့လာချက်ကနေ ရှာဖွေတွေ့ရှိချက်တွေကို လေ့လာကြည့်ကြရအောင်ပါ။

·         Heavy metal ပရိသတ်များ – စိတ်သဘောထားသိမ်မွေ့ပြီး တီထွင်ဖန်တီးနိုင်စွမ်းရှိ

·         ဂန္ဓာဝင်ဂီတ ပရိသတ်များ – ထူးချွန်ထက်မြက်

·         ဟစ်ပ်ဟော့ပ် ဂီတပရိသတ်များ – ဘွင်းဘွင်းပျော်ပျော်ပါးပါးနေတတ်သူများဖြစ်

·         ပေါ့ပ် ပရိသတ်များ – ပျော်ပျော်နေတတ်ပြီး စိတ်လှုပ်ရှားတတ်

·         ရော့ခ် ပရိသတ်များ – အပူအပင် ကင်းခပ်ပေါ့ပေါ့နေတတ်ပေမယ့် မနာလိုစိတ်ရှိတတ်

·         ဖော့ခ်၊ ဂျက်ဇ်နဲ့ ဘလူးစ် ပရိသတ်များ – အလေးအနက် တွေးတတ်သူများ

·         Country ကန်းထရီး ပရိသတ်များ – အလုပ်ကြိုးစားဇွဲရှိပြီး ခေါင်းမာသူများဖြစ် ကြောင်း လေ့လာမှုမှ သိရှိခဲ့ရပါတယ်။

Ref: RD 

103 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.