ဘာသာမဲ့တွေ တိုးပွားလာတဲ့ ဗြိတိန်နိုင်ငံ

01_24024000_35aba3_2885085a.jpg

အင်္ဂလန် နဲ့ ဝေးစ် မှာ ခရစ်ယာန်ဘာသာဝင်တွေ လူနည်းစုဖြစ်နေပြီလို့ လေ့လာစမ်းစစ်မှုသစ်က ဖော်ပြထားပါတယ်။

လူ ၄၈% ကျော်ဟာ သူတို့ ကိုးကွယ်သည့်ဘာသာသူ မရှိဘူးလို့ ပြောဆိုကြပါတယ်။

ဘာသာရေးမရှိတဲ့ ဗြိတိလျှဦးရေ ကြီးထွားလာပြီး ၂၀၁၄ မှာ ကိုးကွယ်မှု ဘာသာအယူဝါဒ မရှိဘူးလို့ ပြောဆိုသူ အရေအတွက်ဟာ ၂၀၁၁ လူဦးရေစာရင်း ၂၅% ရဲ့ နှစ်ဆထိ မြင့်တက်လာခဲ့ပါတယ်။

အရွယ်ရောက်ပြီးသူ ၁၀ ဦးမှာ ၄ ဦးက အိန်ဂလိကန်အသင်းသားအဖြစ် မွေးဖွားလာသူတွေ ဖြစ်ပြီး အခုအချိန်မှာတော့ သူတို့မှာ ကိုးကွယ်မှုဘာသာ မရှိဘူးလို့ ပြောဆိုကြပါတယ်။ ကက်သလစ်ဘာသာဝင်တိုင်းနီးပါးက သူတို့ကနဦးမိသားစု ယုံကြည်မှုစွန့်လွတ်ပြီး ဘာသာမဲ့ဖြစ်သွားကြပါတယ်။

အင်္ဂလန်အသင်းတော်အနေနဲ့ လူတစ်ဦးစီမှာ အသင်းသူ ၁၂ ဦး ဆုံးရှုံးပြီး ကက်သလစ်အသင်းတော်က ၁၀ ဦး ဆုံးရှုံးနစ်နာခဲ့ပါတယ်။

British Social Attitudes ကနေ ၁၀ စုနှစ်သုံးခုကြာ ဒေတာအချက်အလက်လေ့လာခဲ့တဲ့ ပညာရှင် Stephen Bullivant က ခရစ်ယာန်ဘာသာဝင်အဖြစ် ကြီးပြင်းခဲ့သူတွေ သူတို့ကိုယ်သူတို့ ထိုအနည်းအတိုင်း မခံယူကြတော့ဘူးလို့ ပြောဆိုခဲ့ပါတယ်။

သူ့ရဲ့ အစီရင်ခံစာ အင်္ဂလန်နဲ့ ဝဲလ်စ်က မျက်မှောက်ခေတ် ကက်သလစ်ဘာသာအယူဝါဒ "Contemporary Catholicism in England and Wales" ကို ဗြိတိသျှ ပါလီမန်လွှတ်တော်မှာ ဒီကနေ့ တင်သွင်းသွားမှာ ဖြစ်ပါတယ်။

ယင်းအစီရင်ခံစာမှာ စာရင်းကိန်းဂဏန်းအရ ယူကေနိုင်ငံရဲ့ ဘာသာရေးကိုင်းရှိုင်းမှုအများဆုံးနေရာ Northern Ireland ထည့်မတွက်ခဲ့ပါဘူး။

အမျိုးသမီးတွေဟာ ဘာသာရေးသက်ဝင်ယုံကြည်သူတွေဖြစ်တာ ပိုများပြီး အမျိုးသမီး ခရစ်ယာန်ဘာသာဝင် ၅၈.၆% ရှိပါတယ်။ နောက် ခရစ်ယာန်ဘာသာဝန်ထက်ဝက်ဟာ အသက် ၅၅ ကျော်သူတွေ ဖြစ်ကြပါတယ်။

အသင်းတော်တွေအနေနဲ့ ဒေတာအချက်အလက်ကို အလေးထား ပြုစုဖို့ လိုအပ်တယ်လို့ Bullivant က ဆိုပါတယ်။ ဒါပေမယ့် တစ်ကမ္ဘာလုံးအတိုင်းအတာအရ ခရစ်ယာန်ဘာသာ တိုးပွားနေပြီး ကမ္ဘာ့အကြီးဆုံး ကိုးကွယ်မှုဘာသာဖြစ်နေဆဲဖြစ်ကြောင်း သိရပါတယ်။ 

Ref: The Sun 

10 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.