မျက်မှောက်ခေတ် ဆက်သွယ်ရေးနည်းပညာတွေဟာ သင့်အချစ်ရေးကို ပျက်စီးစေနိုင်တာ

30cd35f3-c9d9-477c-9127-9156e191483e.jpg
ကျွန်ုပ်တို့ နေ့စဉ်လုပ်နေကျ အရာတွေထဲက တစ်ခုကတော့ ဖုန်းကို ဖမ်းဆွဲပြီး တခြားသူတွေဆီကနေ အသိအမှတ်ပြု နိုတီလေးတွေ အထက်အောက်ရွေ့ကြည့်ရှုခြင်းဖြစ်ပါတယ်။ ကျွန်ုပ်တို့ဟာ မိမိတို့ဘဝကို အခြားသူတွေ သတိထားမိစေလိုကြပါတယ်။ 
 
ဘဝမှာ အရေးပါသော လူတွေနဲ့ ကျွန်ုပ်တို့ ပျော်ရွှင်မှုရနေပေမယ့် ပို့စ်တင်ခြင်း၊ like လုပ်ခြင်းနဲ့ share လုပ်ရင်း ခေါင်းငိုက်စိုက် သွားလာနေကြဆဲ ဖြစ်ပါတယ်။ ကိုယ်ချစ်တဲ့ သူများနဲ့ ဆက်ဆံရေး သွေဖယ်အောင် အင်တာနက်ကို နေရာမပေးမိစေဖို့ အရေးကြီးပါတယ်။  
 
ကမ္ဘာကြီးနဲ့အဆက်ပြတ်ခြင်း၊ လက်တွေ့ဘဝနဲ့ ကင်းကွာနေတဲ့ ခံစားချက်ဖြစ်စေတာ ဆက်သွယ်ရေးနည်းပညာပစ္စည်းတွေကြောင့် ဖြစ်ပါတယ်။ ခဏခဏကြည့်ပါက ကမ္ဘာကြီးနဲ့ အဆက်အသွယ်ရမယ်။ ဒါပေမယ့် အချစ်ရေးမှာ မိမိချစ်သူထက် တခြားသူတစ်ယောက်ကို အာရုံစိုက်ရန် ရွေးချယ်ခြင်းတောင် ဖြစ်သွားနိုင်ပါတယ်။ ဒါက မိမိချစ်သူအစား တခြားသူတစ်ယောက်ယောက်ဆီ စာတိုပေးပိုခြင်းစသည့် အသေးအဖွဲကနေ စတင်ပါတယ်။ သင့်တစ်နေ့တာအကြောင်း (သို့) ခံစားချက်တွေ တခြားသူတစ်ယောက်နဲ့ ဆွေးနွေးပြောဆိုခြင်း  စတဲ့အရာတွေအားလုံးက စစ်မှန်တဲ့ ဆက်ဆံရေးတွေကနေ သွေဖယ်သွားစေပါတယ်။ 
 
ဒီနည်းပညာ ပစ္စည်းများနဲ့ ဝေးဝေးနေခြင်းက သင့်ဘ၀ကို ပိုလွတ်လပ်စေနိုင်ပါတယ်။ တခြားသူများရဲ့ ဘဝနေထိုင်မှုတွေနဲ့ ပတ်သက်တဲ့ နောက်ဆုံးအနေအခြေ၊ သတင်းအချက်အလက်တို့က သင့်ကို သင့်ဘဝကနေ သွေဖယ်စေပြီး သင့်ဘဝနဲ့ နှိုင်းယှဉ်မှုတွေ ပြုလုပ်စေနိုင်ပါတယ်။ 
 
သင့်ကိုယ်သင် ထိန်းချုပ်ပါ 
 
သင့်ရဲ့ ဒီနေ့စဉ်အကျင့် ပြောင်းလဲခြင်းက ဆက်ဆံရေးကို ထိန်းသိမ်းပေးနိုင်ပါတယ်။ သင့်ချစ်ခြင်းမေတ္တာ အစစ်အမှန်ဖြစ်ကြောင်း သင့်ချစ်သူကို ပြသပါ။ သင့်ချစ်သူကို ဂရုစိုက်ပေးမှုဟာ အရေးကြီးအချက်တစ်ခုဖြစ်ပါတယ်။ သူတို့ဘက်မှ ပြလာတဲ့ စိတ်ပါဝင်စားမှု ပြန်လည်တုံ့ပြန်မှုပြုပါ။ ကိုယ့်ကိုယ်ကိုယ် ပွင့်လင်းခြင်းက အချစ်ရေးအတွက် အခြေခံအုတ်မြစ်ကောင်းတစ်ခု တည်ဆောက်နိုင်ပါတယ်။ အဲဒါက နှစ်ယောက်လုံးကို အချစ်ရေးနဲ့ပတ်သက်တာမှန်သမျှ ဝန်ခံဖို့ အထောက်အကူ ဖြစ်စေပါတယ်။ မိမိအချစ်ကို ဖော်ပြရန် တုံ့နှေးစေမယ့် အရာမှန်သမျှ လုံးဝမလုပ်ပါနဲ့။ 
 
ဆက်သွယ်ရေးနည်းပညာက ဘဝအချိန်တွေ အလဟာသ ကုန်ဆုံးစေနိုင်ပါတယ်။ မကြာမကြာကြည့်ခြင်းက အကျင့်ဆိုးတစ်ခု ဖြစ်ပါတယ်။ အချစ်ရေးမှာ လုပ်နိုင်တဲ့ အကောင်းဆုံးအရာက ကြိုးစားအားထုတ်ဖို့ ဖြစ်ပါတယ်။ အပြင်မှာ ချိန်းတွေ့ပြီး အံ့အားသင့်အောင် လုပ်ပြပါ။ သူနဲ့အတူရှိနေစဉ် သူတို့နဲ့ အချိန်ပေးပါ။ သီးခြားတစ်နေရာဆီရောက်နေတဲ့အချိန်မှာ ချစ်တဲ့အကြောင်း၊ သူ့အကြောင်း စဉ်းစားနေကြောင်း အသိပေးပါ။ 
 
Ref:higherperspectives
 
 
 
 
 
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.