WhatsApp Gold ဗားရှင်းကို ဘာကြောင့် upgrade မလုပ်သင့်တာလဲဆိုတာ

whatsapp-gold-edition-banner.jpg

အနုပညာရှင်တွေ သုံးကြတဲ့ WhatsApp ကို ဗာရှင်း upgrade လုပ်ခြင်းဟာ video chat တွေရနိုင်ခြင်း၊ ဓာတ်ပုံ အပုံ ၁၀၀ ကို တစ်ချိန်တည်း ပို့ပေးနိုင်ခြင်းနဲ့ ပို့ထားတဲ့ message တွေ ပြန်ဖျက်နိုင်ခြင်းစတဲ့ feature သစ်တွေ ဝန်ဆောင်မှုပေးထားကြောင်း အခိုင်အမာပြောဆိုထားပါတယ်။ လူတွေဆီ ယင်း app ဗားရှင်းသစ် install ပြုလုပ်ရန် လင့်ခ်တစ်ခု ထားပါတယ်။ ဒါပေမယ့် မမိုက်မဲကြပါနဲ့။

ဒေါင်းလုဒ်ရယူခြင်းက ဟက်ကာတွေ သင့်ဒေတာ အသေးစိတ်အချက်အလက်တွေ ရယူနိုင်စေကာ ဖုန်းကို ထိခိုက်စေနိုင်တဲ့ malware ဆီ ဦးတည်ခေါ်ဆောင်သွားပါပြီ။   သုံးစွဲသူတွေအနေနဲ့ 'Hey Finally Secret WhatsApp golden version has been leaked, This version is used only by big celebrities. Now we can use it too.' ဆိုတဲ့ မက်ဆေ့ခ်ျ ကို လက်ခံရရှိကြပါတယ်။

ဒါပေမယ့် ယင်းအထူးသီးသန့် upgrade ကတော့ တကယ် ရှိမနေပါဘူး။ တကယ်တော့ သင်ဒေါင်းလုဒ်ရယူနေတာက သင့်ဖုန်းကို ဟက်ကာတွေ ဝင်ရောက်နိုင်စေတဲ့ ဆော့ဖ်ဝဲလ်ပဲ ဖြစ်ပါတယ်။

ယနေ့အချိန်ထိ android ဖုန်းတွေကို အဓိက ထိခိုက်ခဲ့ပါတယ်။ ဒေါင်းလုဒ်ရယူခဲ့သူတွေက antivirus ဆော့ဖ်ဝဲလ် install လုပ်ထားဖို့နဲ့ နောက်နောင် app တွေကို Google Play Store ကနေတဆင့်သာ install လုပ်ဖို့ အကြံပြုခဲ့ကြပါတယ်။

'Invite' ဆိုတာလေး တွေ့ပါက delete လိုက်ပါ။ 

Ref: Metro 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.