ချစ်သူရဲ့  မိဘတွေနဲ့ အဆင်ပြေတဲ့ ဆက်ဆံရေးတည်ဆောက်နိုင်စေမယ့် နည်းလမ်းများ

dating-new-girl.jpg
အချစ်ရေး တစ်ခုမှာ အိမ်ထောင်ပြုခြင်းဆိုတဲ့ အဆင့်ကို ထပ်မံ တက်လှမ်းတော့မယ်ဆိုရင် ပထမဆုံး ကြုံတွေ့ရမယ့် စိန်ခေါ်မှုက ကိုယ့် လက်တွဲဖော် တွေရဲ့  မိဘတွေနဲ့ တွေ့ဆုံရခြင်းပါ။ မတွေ့ခင်မှာတော့ မိမိဘက်က ရင်ခုန် စိတ်လှုပ်ရှားနေပါလိမ့်မယ်။ တစ်ကယ်တမ်း တစ်ဖက် မိဘတွေနဲ့ ပထမဆုံးအကြိမ် တွေ့တဲ့အခါမှာတော့ ကောင်းမွန်တဲ့ ဆက်ဆံရေး တစ်ခုကို တည်ဆောက်ဖို့အတွက် ထင်သလောက် မလွယ်ကူပါဘူး။ အဲဒါကြောင့် တစ်ဖက် မိဘ တွေနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေး မျိုး ရရှိဖို့ သတိထားရမယ့် အချက်လေးတွေရှိပါတယ်။ အဲဒါတွေကတော့
 
၁။ သူတို့ရဲ့  နောက်ကြောင်းရာဇ၀င် ကို နားလည်ထားပါ
တစ်ဖက်မိဘတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် တွေကို တတ်နိုင်သလောက် ရယူထားပါ။ ဒါမှသာ သူတို့ရဲ့  နောက်ကြောင်းရာဇ၀င် နဲ့ သူတို့ ဘာတွေ မျှော်လင့်ထားတယ်ဆိုတာကို သိနိုင်မှာပါ။ သူတို့ရဲ့  ငယ်ဘ၀ ၊ သူတို့ရဲ့  အလုပ်အကိုင် တွေနဲ့ သူတို့ရဲ့ နှစ်သက်မှုတွေဟာ သိထားဖို့ လိုအပ်တဲ့ အချက်အလက်တွေပဲ ဖြစ်ပါတယ်။ 
 
၂။ တာထွက် ကောင်းပါစေ
တစ်ဖက် မိဘတွေနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက် တွေရရှိထားပြီးပြီဆိုရင်တော့ ပထမဆုံး တွေ့တဲ့အကြိမ်မှာ ကတည်းက ရလဒ်ကောင်းတွေရဖို့ ပြင်ဆင်ထားပါ။ သူတို့ ဘာတွေမျှော်လင့်ထားသလဲဆိုတာကို သိထားပြီးရင် သူတို့ မေးခွန်းတွေအတွက် အဖြေကို ကြိုတင်ပြင်ဆင်ထားပါ။ သူတို့ ပြောမယ့် အကြောင်းအရာတိုင်းကို အာရုံစိုက်နိုင်အောင် ကြိုးစားပါ။ သူတို့ စိတ်ဝင်စားတဲ့အကြောင်းအရာတွေကို အခွင့်ကြုံတာနဲ့ စတင်ဆွေးနွေး ပြောဆိုပါ။ ဒါပေမယ့် ဘာသာရေး ၊ နိုင်ငံရေး ၊ ပိုက်ဆံ စတဲ့အကြောင်းအရာတွေကိုတော့ မပြောမိအောင် သတိပြုပါ။
 
၃။ သူတို့ရဲ့  သူငယ်ချင်းကောင်းတွေဖြစ်လာဖို့ မကြိုးစားပါနဲ့
တစ်ဖက် မိဘတွေကို အရမ်းရင်းနှီးပွင့်လင်းစွာ ဆက်ဆံပြီး ဘော်ဒါပေါင်း ပေါင်းဖို့ ကြိုးစားလိုက်တာဟာ ကိုယ့်အခြေအနေ ကိုယ်ဖျက်ဆီးလိုက်သလိုပါပဲ။ သူတို့နဲ့ ရေရှည် ဆက်ဆံရဦးမှာပါ။ ဒါကြောင့် တစ်ဆင့်ချင်းသွားပါ။ ထိုက်သင့်သလောက်ပဲ ရင်းနှီးမှု ရယူပါ။
 
၎။ သူတို့ မိသားစု ကိစ္စတွေမှာ ၀င်မပါပါနဲ့
ကိုယ်ဟာ သူတို့ အတွက် မိသားစု ၀င်တစ်ယောက်ဖြစ်လာတော့ မယ်ဆိုပေမယ့်လည်း သင်သိထားရမှာက သင်ဟာ သူတို့ မိသားစုဝင်တစ်ယောက်ရဲ့  ချစ်သူပါ။ သူတို့ မိသားစုဝင် တစ်ယောက် မဟုတ်ခဲ့ပါဘူး။ ဘယ်မိသားစုကမှလည်း သူတို့ရဲ့  အိမ်တွင်းရေးကို အပြင်လူ ၀င်စွက်ဖက်တာ ကြိုက်မှာ မဟုတ်ပါဘူး။ သူတို့ဘက်က မိသားစု ကိစ္စတွေမှာ ၀င်ရောက်ပတ်သတ်ဖို့ စကားစ လာရင်လည်း ပညာရှိနည်းလမ်းနဲ့ ရှောင်ကြဉ်လိုက်ပါ။
 
၅။ သူတို့ သား/သမီး ကို ချစ်တယ်ဆိုတာကိုသာ သက်သေပြပါ
တစ်ဖက်မိဘ တွေက သင့်ကို ခေါ်တွေ့တယ်ဆိုတာ သူတို့ရဲ့ သား(သို့) သမီး ကို သင်ဘယ်လောက် မေတ္တာရှိတယ်ဆိုတာ သိချင်လို့လည်း ပါပါတယ်။ ဘယ်လောက်ချစ်ကြောင်း သက်သေပြတဲ့နေရာမှာ သူတို့ရဲ့ သား/သမီး ကို အနားကပ်ပြီး နှစ်ယောက်တည်းချိန်းတွေ့သလို ကပ်ချွဲပြီး အကြည်စိုက်နေဖို့ ပြောတာမဟုတ်ပါဘူး။ သူတို့ သား/သမီး အကြောင်း ဘယ်လောက်သိထားတယ် ၊ သူ့အတွက် ဘာတွေ စဉ်းစားပေးထားတယ် ဆိုတာမျိုးကိုသာ ထုတ်ပြေပေးပါ။
ယောက္ခမ လောင်း ၊ ယောက္ခထီး လောင်းများ နဲ့ အားလုံးပဲ အဆင်ပြေနိုင်ကြပါစေ။
 
Ref:elitedaily
 
160 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.