တစ်နေကုန် ထိုင်တဲ့အခါ စကတ်၊ ဂါဝန်အဝတ်အစားတွေ တွန့်ကြေမှု မရှိရလေအောင်

sittinginadress.jpg

တခါတရံ အဝတ်အစားတွေကို ချိတ်ပေါ်မှာပဲ ရှိနေစေချင် တတ်ကြပါတယ်။ ဒါပေမယ့် ဘွတ်ဖိနပ်တွေက လမ်းလျှောက်ဖို့ရန်နဲ့ အင်္ကျီအဝတ်အစားတွေ ဝတ်ဆင်ဖို့ရန်အတွက် ပြုလုပ်ထားခြင်း ဖြစ်ပါတယ်။ စကတ်တွေ၊ အဝတ်အစားတွေ ထုတ်ဝတ်လိုက်တဲ့အခါ နံပါတ် ၁ အကြောက်ရဆုံး ရန်သူက တွန့်ကြေခြင်း ဖြစ်ပါတယ်။

ဒါ ကျွန်ုပ်တို့အများစုမှာ ဖြစ်တတ်ကြပါတယ်။ အလုပ်စားပွဲကနေ ကြာမြင့်စွာ ကွန်ပျူတာထိုင်ကြည့်နေရင်း မိမိအမြတ်နိုးဆုံး အဝတ်အစားတွေ တွန့်ကြေနေမလား သတိမထားမိတတ်ကြပါဘူး။ ဒါပေမယ့် ဒီပြသနာကို ကိုင်တွယ်ဖြေရှင်းဖို့ အဖြေဆိုတာ အမြဲရှိနေတတ်ပါတယ်။

အဆင့် – ၁

အဝတ်အစားတွေကို မဝတ်မီ သေချာခြောက်အောင် လုပ်ပါ။ ခြောက်လုနီးဖြစ်နေရင်တောင် အခြောက်ခံစက်ထဲကနေ အလျင်စလို ဆွဲထုတ်ဖို့ မလောပါနဲ့။

သိပ်မတွန့်ကြေနိုင်တဲ့ အထည်သားတွေ ဝယ်ပါ။ ပိုးထည်က အရမ်းကောင်းပေမယ့် အတွန့်အကြေ မခံပါဘူး။

အဝတ်အစားတွေ မဝတ်ဆင်မီ အတွန့်တွေပြန်ဖြန့်ပေးတဲ့ ဖျန်းဆေး wrinkle-release spray ဖြင့် ဖျန်းပေးပါ။ ဒါက ခေါက်ရိုးခေါက်ရာတွေ ကာကွယ်ပေးပါလိမ့်မယ်။

အဆင့် – ၂

စနစ်တကျထိုင်ခြင်း

ပြန့်သွားအောင်လို့ ထိုင်တဲ့အခါမှာ ဂါဝန် သို့မဟုတ် စကတ်အရင်းကနေ ဆွဲပါ။

အလုပ်စားပွဲမှာ ခြေချင်းချိတ်မထိုင်မိအောင် ကြိုးစားပါ။ ခက်ခဲပေမယ့် တတ်နိုင်သလောက် ခြေထောက်တွေ ဆန့်ပြီးထားပါ။

စကတ်၊ ဂါဝန်ပေါ် လေးလံတဲ့အရာတွေနဲ့ မဖိမိပါစေနဲ့။

ပေါင်ပေါ် ဘာမှ တင်မထားပါနဲ့။

ပိုက်ဆံအိတ် ဒါမှမဟုတ် အပေါ်အကျီင်္နဲ့ မပွတ်တိုက်မိအောင် ရှောင်ပါ။

အဆင့် – ၃

တွန့်ကြေရာတွေကို အခြောက်မှုတ်ပါ။ အကျီင်္အသားကို Dryer နဲ့ တိုက်ရိုက်မထိမိစေဖို့ သတိပြုပြီး တစ်နေရာတည်းမှာ အချိန်ကြာကြီးထားခြင်းမျိုး မလုပ်ရပါဘူး။

တွန့်တဲ့အဝတ်အစားကို ရေနွေးဖြင့် လျှော်ပွတ်ပြီး ဆွဲဆန့်ပေးပါ။ တဖန် အတွန့်ကြေပြန့်ပေးတဲ့ ဖျန်းဆေး သုံးပါ။ ဝတ်ပြီးချိန်မှာ ထပ်ဖျန်းပြီး မဝတ်ခင်က နဂိုပုံစံအတိုင်းဖြစ်အောင် ပြုလုပ်ပါ။ 

Ref: Shefinds 

1 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.