ရေ ခြွေတာမှု ကို အခြေခံထားတဲ့ ဗော့ဒ်ကာ တစ်မျိုးကို ကယ်လီဖိုးနီးယား မှာ ထုတ်လုပ်

hangar-1-vodka-youtube.jpg
ကယ်လီဖိုးနီးယား ပြည်နယ်မှာရှိတဲ့ Hangar 1 ဆိုတဲ့ ကုမ္မဏီ ဟာ ရေ ခြွေတာမှု ကို အခြေခံထားတဲ့ ဗော့ဒ်ကာ တစ်မျိုးကို ထုတ်လုပ်လိုက်တယ်လို့ သိရပါတယ်။ ထို ကုမ္မဏီဟာ ထုတ်လုပ်တဲ့ ဗော့ဒ်ကာမှာ ရေ အစား မြူနှင်းများကို အစားထိုး ထည့်သွင်းထားတာ ပဲ ဖြစ်ပါတယ်။
 
ထို ကုမ္မဏီဟာ ကယ်လီဖိုးနီးယား စပျစ်ဝိုင်နဲ့ မြူနှင်းများကို ပေါင်းခံပြီး ရရှိလာတဲ့ ရေ တို့ကို ပေါင်းစပ်ကာ မြူနှင်း ဗော့ဒ်ကာ တစ်မျိုးကို ဖန်တီးခဲ့တာပါ။ထို ဗော့ဒ်ကာ ကို “Fog Point” လို့အမည်ပေးထားပါတယ်။ မြုနှင်းတွေကနေ တိုက်ရိုက် ထုတ်လုပ် ဖန်တီးထားတာ မဟုတ်ပေမယ့်လည်း မြူနှင်းတွေက တဆင့် ဖြစ်ပေါ်လာတဲ့ ရေတွေကိုတော့ ကုန်ပစ္စည်း ရဲ့  အဓိက အရသာ တစ်မျိုးအဖြစ် ထည့်သွင်းထားပါတယ်။
 
ထို ပေါင်းစပ်မှုတွေကို ဦးဆောင်ခဲ့သူ ဖြစ်တဲ့ Caley Shoemaker ဆိုသူ အမျိုးသမီးကတော့ Time မဂ္ဂဇင်းကို “ဒီလို မြူနှင်းက ရရှိတဲ့ ရေတွေအသုံးပြုလိုက်ခြင်းအားဖြင့် ထို ဗော့ဒ်ကာ ကို အနည်းငယ် ကမ္ဘာမြေဆန် သွားစေပါတယ်” လို့ ပြောပြခဲ့ပါတယ်။
 
ထို ဗော့ဒ်ကာ ကို အပြီးသတ်ထုတ်လုပ်ရာမှာတော့ အာရှသစ်တော်သီး ၊ ပျားရည်စုတ်ပန်း နဲ့ လိမ္မော်အရသာ အချို့တို့ကို ပေါင်းစပ်ထည့်သွင်းထားတယ်လို့လည်း Shoemaker က ထည့်သွင်း ပြောပြခဲ့ပါတယ်။
 
Ref:elitedaily
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.