နေ့စဉ်နေ့တိုင်း ရိုးရှင်းတဲ့အရာတွေကို ရွေးချယ်လုပ်ဆောင်ခြင်းက သင့်ကို ပျော်ရွှင်စေမှာ

happy_34.jpg
နိစ္စဓူဝ အပူအပင်တွေ၊ ဖိအားတွေ၊ အလုပ်ကိစ္စတွေ၊ ကျောင်းကိစ္စ၊ အိမ်မှုကိစ္စတွေနဲ့ နပန်းလုံးနေကြရသူတွေ အတွက် ပျော်ရွှင်မှုဆိုတဲ့ စကားနဲ့တောင် တော်တော်ဝေးကွာသလို ခံစားနေကြရတတ်ပါတယ်။ တကယ်တော့ ပျော်ရွှင်မှုဆိုတာ သင့်ဘေးနားမှာတင် ရှိနေပါတယ်။ ပျော်ရွှင်မှုကို အလွယ်တကူ ဖွေရှာနိုင်ပေမယ့် လူတွေဟာ ဒါကို လျစ်လျူရှုရင်း စိတ်ညစ်ညူးစရာတွေနဲ့ လုံးလည်ချာလပတ်ရိုက်နေကြတာပါ။ ဒီတော့ သင့်ရဲ့ နေ့စဉ်ဘ၀လေး သာယာစိုပြေလာအောင် ပျော်ရွှင်မှုကို ဘယ်လိုရှာဖွေနိုင်မလဲဆိုတာ ဖော်ပြပေးချင်ပါတယ်။
 
၁။ ညအိပ်ယာဝင်ခါနီး အချိန်တွေမှာ သတင်းတွေ လိုက်ဖတ်နေမယ့်အစား ရယ်စရာ၊ ဟာသ ဇာတ်လမ်းလေးတွေ ကြည့်ပြီး အိပ်ယာဝင်လိုက်ပါ။
 
၂။ သတ်ဖြတ်နေတဲ့ ဇာတ်ကားတွေ ကြည့်မယ့်အစား သင့်ကို ရိုမန်တစ်ဖြစ်သွားစေမယ့် ဒရာမာဇာတ်ကားမျိုးလေးတွေ ကြည့်ကြည့်လိုက်ပါ။
 
၃။ သင်သဘောမကျတဲ့ အခြေအနေတစ်ချို့ကို စိတ်ပျက်ငြီးငြူနေမယ့်အစား ဒီကိစ္စတွေကို ဘယ်လိုဖြေရှင်းရမလဲ၊ ဒါမှမဟုတ် သင့်စိတ်ထဲက ဖြစ်ချင်တဲ့အတိုင်း လုပ်လိုက်ရင် ဘာဖြစ်နိုင်မလဲဆိုတာကို တွေးပါ။ ဖြေရှင်းကြည့်လိုက်ပါ။
 
၎။ သင်ဘယ်လိုမှ စိတ်မပါတဲ့ အလုပ်တစ်ခုမှာ နေ့တိုင်း စိတ်ပျက်လက်ပျက် လုပ်နေမယ့်အစား သင်ဝါသနာပါတဲ့အရာကိုလုပ်မယ်ဆိုရင် ဘာတွေ လေ့လာဖို့ လိုအပ်မလဲဆိုတာကို တွေးကြည့်လိုက်ပါ။
 
၅။စိတ်ပျက်စရာ တင်္နလာနေ့ကို ကျော်ဖြတ်ဖို့ဆိုရင် လာမယ့် အားလပ်ရက်မှာ ခရီးထွက်ဖို့ရှိသလား၊ ဒါမှမဟုတ် အင်္ဂါနေ့ညနေမှာ သူငယ်ချင်းတွေနဲ့ ချိန်းထားသလား၊ ဒါမှမဟုတ် ထမင်းစားချိန်မှာ လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားစမြည်ပြောမလား စတဲ့အရာလေးတွေကို စဉ်းစားရင်း တင်္နလာကို ကျော်ဖြတ်လိုက်ပါ။ သင့်အတွက်စိတ်ပျော်စေမယ့် အရာတွေကို တွေးရင်း ရှေ့ဆက်ဖို့ လိုပါတယ်။
 
၅။ သင်ပျင်းရိနေတယ်လို့ ခံစားရရင် သဘာဝအလှအပတွေ ရှိတဲ့ နေရာကို လမ်းလျှောက်ထွက်ပါ။ မြက်ခင်းပြင်ပေါ် လမ်းလျှောက်တာမျိုး လုပ်ပါ။ သင့်အိမ်မွေးတိရိစ္ဆာန်တစ်ကောင်ကောင်နဲ့ဆော့ပါ။ ဟာသဗီဒီယိုလေးတွေ ကြည့်ပါ။ သင့်ကို စိတ်ပျော်စေမယ့်အရာတွေနဲ့ ပျင်းရိစရာ အချိန်တွေကို ကုန်ဆုံးစေလိုက်ပါ။
 
၆။ လူတွေကို ကျေးဇူးတင်စကားဆိုလိုက်ပါ။ အဲ့ဒီလိုလုပ်လိုက်လို့ ပြောလိုက်လို့ သူတို့ပြုံးပျော်သွားတဲ့ပုံစံကို ကြည့်ပါ။ ဒါဟာသင့်စိတ်ကို ပျော်ရွှင်ကြည်နူးသွားစေပါလိမ့်မယ်။
 
၇။သင့်တစ်နေ့တာ လုပ်ဆောင်ရမယ့် အရာတွေကို စိတ်ပျက်စရာအရာတွေထက် သင့်ကိုပျော်စေမယ့်အရာတွေကိုသာ ရွေးချယ်ပါ။ သင့်အတွေးတွေမှာ ၆၀ရာခိုင်နှုန်းက အဆိုးထက် အတွေးအခေါ် ကောင်းတွေ ဖြစ်နေရင် အဲ့ဒီနေ့တွေဟာ သင်စိတ်ချမ်းသာရမယ့် နေ့တွေပါပဲ။ 
 
Ref:yourtango
 
 
 
 
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.