Fast And Furious 8 ဇာတ်ကားအတွက် Paul Walker ကို အမြဲအမှတ်ရနေကြောင်း ဆိုလိုက်ပြန်တဲ့ Van Diesel

vin-diesel-tribute-paul-walker-instagram-picture-2016.jpg
ပရိသတ်တွ အသည်းစွဲဖြစ်ခဲ့ရတဲ့ Fast And Furious ဇာတ်ကားဟာ ခုလည်းပဲ နံပါတ် ၈ ကို ဆက်လက်ရိုက်ကူးနေပြီ ဖြစ်တာကြောင့် ဘယ်လိုအမိုက်စား ဇာတ်ဝင်ခန်းတွေ ကြည့်ရှုရဦးမလဲဆိုတာ စိတ်ဝင်စားစရာပါ။ ဒါပေမယ့် အဲ့ဒီစိတ်ဝင်စားခြင်းနဲ့အတူ Fast And Furious နဲ့တွဲပြီး အမြဲသတိရလွမ်းဆွတ်နေကြရမယ့်သူ တစ်ဦးလည်း ရှိနေပါသေးတယ်။ အဲ့ဒါကတော့ ဒီလောကကြီးကိုရော ချစ်တဲ့ပရိသတ်တွေကိုရော ခွဲခွာသွားပြီဖြစ်တဲ့ Paul Walker ပါပဲ။ ခုလည်း ဒီဇာတ်ကားရိုက်ကူးနေစဉ်အတွင်း Van Diesel ကတော့ သူ့ရဲ့ instagram မှာ သူ့သူငယ်ချင်း Paul Walker ကို သတိရလွမ်းဆွတ်တဲ့ အကြောင်း ပုံလေးနဲ့ စာလေးကို တင်ထားပါတယ်။
 
သူရေးထားတဲ့ စာကတော့ "ဇာတ်ကားမှာ ပါဝင်ရိုက်ကူးကြသူတွေ၊ ၀ိုင်းဝန်းအားဖြည့်ပေးကြသူတွေက အရင် Fast And Furious ဇာတ်ကားတွေလိုပဲ အကောင်းဆုံးဖြစ်အောင် ၀ိုင်းဝန်းကူညီပေးနေကြတုန်းပဲ။ အဲ့ဒီလို အားဖြည့်ပေးနေကြတဲ့ အဖွဲ့ဝင်တွေထဲက တစ်ယောက်က ကျွန်တော့်ဆီကို လာပြီး ဘာပြောသွားသလဲဆိုတော့ ငါတို့တွေ ကြိုးစားရိုက်ကူးခဲ့တဲ့ ဒီဇာတ်ကားဟာ တကယ့်ကို အမိုက်စားပဲတဲ့။ အဲ့ဒီလိုပြောလို့အပြီးမှာ သူက ကျွန်တော့ကို ကြည့်ပြီး ထပ်ပြောသွားတာက ဒီလို အမိုက်စားရိုက်ကူးပုံဖော်ကြိုးစားကြတဲ့အတွက် Paul ကတော့ ဂုဏ်ယူနေမှာပါ" တဲ့။ 
 
ဒီဇာတ်ကားရိုက်ကူးနေချိန်အတွင်း သရုပ်ဆောင်တွေဟာ ခက်ခဲကြမ်းတမ်းတဲ့ ဇာတ်ဝင်ခန်း တစ်ချို့ကြောင့် တော်တော် လေးကြိုးစားပမ်းစား ရိုက်ကူးခဲ့ကြရတယ်လို့ သိရပါတယ်။ ခုလို ခက်ခဲတဲ့ ဇာတ်ဝင်ခန်းတွေ သရုပ်ဆောင်ရတိုင်း Van Diesel အပါအ၀င် Fast And Furious ဇာတ်ကားတွေထဲက Paul Walker နဲ့အတူတွဲသရုပ်ဆောင်ခဲ့ရတဲ့ သရုပ်ဆောင်တိုင်းဟာ သူ့ကို လွမ်းဆွတ်သတိရနေကြရဆဲ ဖြစ်ပါတယ်။
 
0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.