သင့်ဘဝမှာ လိုအပ်တဲ့ လူ လေးမျိုးလေးစား

talk-with-her-friend-know-if-a-girl-likes-you.jpg

ဘဝကို ရှင်သန်ဖြတ်သန်းတဲ့အခါ သင်တွေ့ဆုံနေတဲ့ လူတချို့ဟာ အနားမှာ တချိန်လုံး ရှိနေစေချင်တဲ့ လူစားမျိုး မဟုတ်ကြောင်း နားလည် သဘောပေါက်ခဲ့ပြီ မဟုတ်ပါလား။  ဒါ ဖြစ်နိုင်ခြေရှိတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကိုယ်နဲ့ အဆင်ပြေစွာ နေထိုင်ပေါင်းသင်းဆက်ဆံလို့ရတဲ့ လူမျိုး သီးသန့်ရှိနေလို့ ပဲဖြစ်ပါတယ်။ သင့်နားမှာ တစ်ချိန်လုံး ရှိသင့်တဲ့ လူတွေက . . .

ရယ်စရာပြောတတ်သော သူ

ဒီလို အပေါင်းအသင်းမျိုးက အထူးသဖြင့် သင့်ကို ရယ်ပြီးရင်း ရယ်မောစေရန် ဖြစ်ပါတယ်။ သူတို့က သင့်ကို ရယ်မောစေတဲ့ နည်းလမ်းကောင်းတွေ ရံဖန်ရံခါ ရှာကြံပေးတတ်ကြပါတယ်။ ပျော်ရွှင်စရာနည်းလမ်းလေးတွေ သဘောပေါက်စေပါတယ်။ တခါတရံ ဒီလိုသူငယ်ချင်းမျိုး အနားမှာ ရှိနေခြင်းက အရာရာကို အလေးနက်မထားဖို့ ကိုယ့်ကိုယ်ကို ပျော်အောင်နေမယ့် နည်းလမ်းတွေ သိရှိစေနိုင်ပါတယ်။

ဝေဒနာကုစားပေးမယ့် သူ

ဒီလို သူငယ်ချင်းမျိုးက စိတ်ခံစားမှုဆိုင်ရာ ဖိစီးမှုအားလုံး ကုစားပေးမယ့် အားကိုးစရာလူတွေ ဖြစ်ပါတယ်။ သူတို့က သင့်ရဲ့ စိုးရိမ်ပူပန်မှု၊ လျို့ဝှက်ချက်တွေကို ဝေဖန်ချက်မပေးဘဲ အတွင်းကျကျ နားထောင်ပေးနိုင်သူတွေဖြစ်ပါတယ်။ ဒီလိုမိတ်ဆွေမျိုးက သင်ကိုယ်တိုင်တောင် မစဉ်းစားမိတဲ့ လုပ်ဆောင်နိုင်တဲ့ ဖြစ်နိုင်ခြေအရာအားလုံး ချင့်ချိန်ပေးနိုင်ကြပါတယ်။

အကောင်းမြင်တတ် သူ

ဒီသူငယ်ချင်းမျိုးက စိတ်ဓာတ်လှုံ့ဆော်ပေးသူတွေ ဖြစ်ပါတယ်။ သူတို့က ဘေးကနေ အမြဲအားပေးတိုက်တွန်းပြီး ထိပ်ဆုံးရောက်စေချင်သူတွေ ဖြစ်ပါတယ်။ စိတ်ဓာတ်ကျတဲ့အခါတိုင်း ခေါင်းထဲက မကောင်းတဲ့ အတွေးစိတ်ကူးတွေအားလုံး မေ့ပျောက်စေပါတယ်။ ဒီသူငယ်ချင်းတွေကို အနားမှာအမြဲထားပါ။

သွန်သင်ပေးသူ

ဒီသူငယ်ချင်းမျိုးက သူတစ်ပါးကို အသိပညာအပြင် အကြံဥာဏ် ပေးချင်သူတွေ ဖြစ်ပါတယ်။ သူတို့ဟာ အကောင်းအဆိုးကို လမ်းညွန်ပြသဖို့ အသင့်အနေအထားမှာရှိတဲ့ ဆရာသမားတွေ ဖြစ်ပါတယ်။ ဖြစ်တတ်တဲ့ အကောင်းအဆိုးတွေနဲ့ ကိုင်တွယ်ဖြေရှင်းနည်းတွေ ပြသလိုတဲ့ စိတ်န္ဒ သူတို့မှာ ရှိကြပါတယ်။ 

Ref: Higherperspectives 

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.