ညှို့ဓာတ်ပြင်းထန် အားကောင်းစေတဲ့ အလေ့အကျင့် (၆) ခု

1200x600-1-768x384.jpg

လူတစ်ယောက်ဟာ အလှဆုံးရုပ်ရည် ပိုင်ဆိုင်ကောင်း ပိုင်ဆိုင်နိုင်ပေမယ့် သူ့ပင်ကိုယ်စရိုက် တစ်ကိုယ်ကောင်းဆန်ပြီး ရိုင်းပြလွန်းနေရင်တော့ အဲဒီလူဟာ သူ့ရုပ်အသွင်ကို ကိုယ်တိုင်ဖျက်စီးပစ်လိုက်တာနဲ့ တူနေပါလိမ့်မယ်။ ဒါ့ကြောင့် လူတိုင်းဟာ ကိုယ်ပိုင်အတွေးအခေါ်ကောင်း၊ ရည်ရွက်ချက်ကောင်း၊ လှပတဲ့အတွင်းစိတ်တွေနဲ့ နေထိုင်ပြုမူကျင့်ကြံတတ်ဖို့ လိုပါတယ်။  အောက်ပါတို့က ထူးခြားတဲ့ အတွင်းစိတ်အလှတရားတွေပါပဲ။

မိမိကိုယ်ကိုယ် ယုံကြည်မှု

ဒါ တစ်ကမ္ဘာလုံး လက်ခံထားတဲ့အရာဖြစ်ပါတယ်။ လိင်ဖြစ်တည်မှု၊ ရိုးရာဓလေ့၊ အသက်အရွယ် (သို့) လူမျိုး စတာတွေ အရေးမကြီးပါဘူး။ မိမိကိုယ်ကိုယ် ယုံကြည်မှုက ရှိကိုရှိရမယ့် အရာဖြစ်ပါတယ်။ သင့်မှာ မိမိကိုယ်ကိုယ်ယုံကြည်မှု မရှိသေးလည်း ရတယ်။ မိမိအားနည်းချက်၊ အားသာချက်တွေကိုတော့ အရင်သိဖို့ အရေးကြီးတာပေါ့။

လိင်ကိစ္စ ရိုးသား ပွင့်လင်းမှု

ဝတ်လစ်စားလစ်ဖြင့် တစ်စုံတစ်ယောက်နဲ့ နေထိုင်ထိတွေ့တဲ့အခါ ရိုးသားပွင့်လင်းဖို့ အရေးကြီးပါတယ်။ မိမိလက်တွဲဖော်ကို လက်ခံချစ်ခင်တတ်ဖို့ မိမိကိုယ်မိမိ ပြင်ဆင်ပါ။

နှစ်ယောက်လုံး ဘာလိုချင်လဲ၊ ဘာကို ကြောက်တတ်လဲ၊ ဘာတွေနှစ်သက်လဲ စသဖြင့် မိမိတို့အကြောင်း အသိမပေးကြဘူးဆိုရင် သင်နဲ့ သင့်ချစ်သူကြား ဆက်ဆံရေး တိုးတက်ပြောင်းလဲမှု နှောင့်နှေးပြီး စိတ်ပင်ပန်းရပါလိမ့်မယ်။ နှစ်ကိုယ်ကြား လွှတ်လပ်စွာနေထိုင်ချစ်ခင်ကြင်နာပြီး အချင်းချင်း ဖွင့်ဟပြောဆိုမှုတွေ ကျင့်သုံးပါ။

ရယ်စရာဟာသ

ရယ်မောခြင်းက မဖြစ်မနေလိုအပ်တဲ့ ဘဝ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်။ ဘဝဆိုတာ အကုန်နားလည်ဖို့ ခက်ခဲပြီး အံ့သြစရာတွေနဲ့ ပြည့်နှက်နေတာပါ။ စိတ်ကို လွတ်ချပြီး ပျော်သလိုနေဖို့လည်း လိုအပ်ပါတယ်။

ချစ်ခင်ကြင်နာမှု

တခါတလေ ထိုင်းမှိုင်းနေတာ ဒါမှမဟုတ် စိတ်တွေ အရမ်းတက်ကြွနေတာတွေ ရှိတတ်ပါတယ်။ ချစ်စိတ်ပြင်းပြမှုဆိုတာ ၂၄ နာရီ ကပြဖျော်ဖြေပေးနေဖို့ ဆိုတဲ့ သဘောတော့ မဟုတ်ပါ။ ဂရုစိုက်ခြင်း ဖြစ်ပါတယ်။ ကိုယ်ချစ်ခင်လေးစားတဲ့သူကို ပျော်ရွှင်စေမယ့် ဘယ်အရာမဆို လုပ်ပေးဖို့ ဆန္ဒရှိကြပါတယ်။

ဆုံးဖြတ်ချက်ပြတ်သားမှု

မေးသမျှ ပြန်ဖြေစရာမလိုပေမယ့် "မသိဘူး" ဆိုတဲ့အဖြေမျိုး ဘယ်တော့မှ မပေးသင့်ပါဘူး။ မေးခွန်းမေးခံရတဲ့အခါ စကားလမ်းကြောင်း မလွှဲဖို့ လည်း အရေးကြီးပါတယ်။ ချက်ချင်း (သို့) တိတိကျကျ မဖြေနိုင်ရင် အဖြစ်အပျက်ကို ရှင်းပြပါ။

သင့်ချစ်သူရဲ့ သူငယ်ချင်းတွေကို လက်ခံပါ

မိမိချစ်သူရဲ့ သူငယ်ချင်းတွေနဲ့ အတင်းမိတ်မဖွဲ့ပါနဲ့။ သူတို့ကို မလေးမစားလည်း မလုပ်ပါနဲ့။ ကိုယ့်ဘာသာ နဂိုနေမြဲအတိုင်းပဲ နေပြီး သင့်ချစ်သူကို ဖေးမကူညီပါ။

Ref: womansvibe

0 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.