ချောကလက်ဖျော်ရည် ပူပူလေး နေ့တိုင်းသောက်တာ မှတ်ဥာဏ်စွမ်းရည် တက်စေနိုင်

how-drinking-this-hot-beverage-can-boost-your-memory-and-brain-health.jpg
နွေးနွေးလေးနဲ့ အရသာရှိလှတဲ့ ချောကလက်ဖော်ျရည် ပူပူလေးကို မကြိုက်သူ ဘယ်သူရှိပါ့မလဲ။ နောက် ဒီဖျော်ရည်ရဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေရှိတာရော သိပြီးပြီလား။
 
Harvard Midical School လေ့လာမှုတစ်ခုအရ ကိုကာအို ပူပူလေး တစ်ခွက်ထက်မနည်း နေ့တိုင်းသောက်ခြင်းက လူကြီးတွေမှာ ဥာဏ်ရည်ကျဆင်းခြင်းကို ကာကွယ်ပေးနိုင်ပြီး မှတ်ဥာဏ်စွမ်းရည် ပိုမိုတိုးတက်ကောင်းမွန်စေကြောင်း သိရပါတယ်။
 
ယင်းလေ့လာမှုမှာ ပျှမ်းမျှ ၇၃ နှစ်ရှိတဲ့ အရွယ်ရောက်ပြီးသူ အယောက် ၆၀ ပါဝင်ပါတယ်။ လေ့လာမှု စတင်ချိန်မှာ သူတို့အားလုံး ဘာဦးနှောက်ချို့ယွင်းမှုမှ မရှိကြပါဘူး။ နောက် ချောကလက်နဲ့ ပြုလုပ်တဲ့ အစားအသောက်တွေမစားဖို့ မှာထားပါတယ်။ သူတို့ကို ဆက်တိုက် ရက် ၃၀ ချောကလက်ဖျော်ရည် ပူပူလေး ၂ ခွက် သောက်ခိုင်းပါတယ်။ အနည်းဆုံး တစ်နေ့ နှစ်ခါ သောက်စေခဲ့ပါတယ်။
 
သွေးလည်ပတ်မှု ပြောင်းလဲမှုတွေကြောင့် ဦးနှောက်လှုပ်ရှားမှု လှုံ့ဆော်ဖြစ်ပေါ်တဲ့အချိန်မှာ ပါဝင်စမ်းသပ်ခံသူ အားလုံးနီးပါး ဦးနှောက်သွေးကြောလှုပ်ရှားမှု နှစ်ဆမြင့်တက်ခဲ့ပါတယ်။
 
လေ့လာမှုတိုင်မီ ပါဝင်စမ်းသပ်ခံသူအားလုံး MRI အသုံးပြုခြင်းနဲ့ စိတ်ပိုင်းဆိုင်ရာ စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ဦးနှောက်မှတ်ဥာဏ်နဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်း တွက်ချက်ခဲ့ပြီး ဦးနှောက်အာရုံကြောလှုပ်ရှားမှု တိုင်းတာဖို့အတွက် ultrasound တွေ အသုံးပြုခဲ့တယ်။ လေ့လာမှုမတိုင်မီ ဦးနှောက်မှတ်ဥာဏ် စမ်းသပ်မှု ပျှမ်းမျှ ၁၆၇ စက္ကန့်ရှိပြီး လေ့လာမှုအပြီးမှာတော့ ၁၁၆ စက္ကန့်ထိ လျော့ကျခဲ့ပါတယ်။
 
ချောကလက်ဖျော်ရည် ပူပူလေးရဲ့ အကျိုးသက်ရောက်မှုဖြစ်စေတာက ချောကလက်မှာ ပါဝင်တဲ့ polyphenols တွေ ဖြစ်ပါတယ်။ ဒီ အင်တီအောက်ဆီဒင်းတွေက ခန္ဓာကိုယ်တစ်ခုလုံး အထူးသဖြင့် ဦးနှောက်မှာ သွေးလည်ပတ်မှု ပိုမိုမြင့်တက်စေကြောင်း သိရပါတယ်။
 
Ref:1mhealthtips
12 Shares
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.